မင်းမင်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၃ ခုနှစ် ၀၅ နာရီ ၅၀ မိနစ်
မလေးရှားနိုင်ငံတွင်
မေလကုန်ပိုင်းမှစပြီး မြန်မာအလုပ်သမားများ သေဆုံးဒဏ်ရာရရှိမှုများအပေါ်
အကြမ်းဖက် တရားခံများအား ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ
မြန်မာသံရုံးသို့ လာရောက်ပြောဆို သွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၁၁ ရက်တွင်ပြောဆိုလိုက်သည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို
ကူညီဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး
ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊
ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ပါဝင်သည့် ကိုယ်စားလှယ် လေးဦးက ဇွန်လ ၁၁
ရက် ညနေတွင် မလေးရှားသို့ ထွက်ခွာသွားပြီလည်း ဖြစ်သည်။
''တချို့တိုက်ခိုက်မှုတွေမှာ CCTV ကင်မရာနဲ့ ရိုက်ထားတာတွေရှိပါတယ်။
လူလုံးမကွဲတာတို့ ၊ လူရှာတာတို့ စသဖြင့်ပေါ့။ Footage တွေကိုတော့ မိပါတယ်။
ဒီဟာတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးပါ မယ်ဆိုပြီးတော့ သက်ဆိုင်ရာ
အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာလာတွေ့ပြီးတော့ ပြောပါတယ်။
ခုလောလောဆယ်တော့ ဖမ်းဆီးရမိတဲ့သူ မရှိဘူးလို့ သိရပါတယ်'' ဟု ဦးဇင်ယော်၏
ပြောဆိုချက်ကို
နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြခဲ့သည်။
မလေးရှားရှိ တရားမဝင် မြန်မာအလုပ်သမားများကို မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းသို့ပို့ခြင်
မလေးရှားရဲများက မြန်မာများကို မြင်ပါက ထိန်းသိမ်းခေါ်ဆောင်မှုများလည်းရှ
ဆရာတော် ဦးဣန္ဓက၏ မြန်မာဘုန်းတော်ကြီးကျောင်းတွင်
''အစားအစာကတော့ ဦဇင်းရဲ့ကျောင်းမှာ အဆင်ပြေနေတယ်လေ။ သူတို့ အဝတ်အစားတော့
အခက်အခဲရှိ မယ်ထင်တယ်။ အပြင်ထွက်ဖို့က ထိတ်ထိတ်ပြာပြာနဲ့ နေရတုန်းပဲ။
ပြန်မယ်လို့ပဲ ပြောနေကြတယ်'' ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
မလေးရှားရဲများက မြန်မာနိုင်ငံသား လေးဦးသာသေဆုံးခဲ့ကြောင်း
မြန်မာသံရုံးသို့ သတင်းပေးပို့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး
ဦးဇင်ယော်က နိုင်ငံပိုင်ရုပ်သံတွင် ပြောဆိုခဲ့သော်လည်း
မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။
by mizzima
Wednesday, June 12, 2013
အကြမ်းဖက်တရားခံများကို ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားရဲမှူး ကတိပေး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...