ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှ သုံးရက်လျှင် လူသတ်မှုတစ်ကြိမ် ခန့်
ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏
ထုတ်ပြန်ချက် စာရင်းများအရ သိရှိရသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ ဇွန်လ ၄ ရက်နေ့ထိ လူသတ် မှုပေါင်း ၅၈ မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါ စာရင်းအရ သုံးရက်လျှင် တစ်ကြိမ်ခန့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
စိတ်ကျန်းမာရေးကို အချိန်မီ မကုသနိုင်ခြင်း ၊ လောဘရမ္မက်ကို
မထိန်းသိမ်းနိုင်ခြင်း၊ လူမှုရေးကိစ္စများ ကျူးလွန်ခြင်း၊ သည်းခံစိတ်နည်း၍
အကြောင်းပြချက်မရှိသော အသေးအမွှားကို နာကြည်းမှုအဖြစ် ဖန်တီး
ကာပြစ်မှုကျုးလွန်ခြင်းနှင့် ရန်ငြိုးရန်စများကို ငြိမ်းချမ်းစွာ
မဖြေရှင်းခြင်း တို့ကြောင့် လူသတ်မှုများ ဖြစ်ပွားခဲ့ရကြောင်း အဆိုပါ
ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်ထက် တစ်နှစ်
လူသတ်နှုန်းမှာ မြင့်တက်လာပြီး ၂၀၀၉ ခုနှစ်တွင် ၇၄၁ မှုသာ ဖြစ်ပွားခဲ့ရာမှ
၂၀၁၀ ပြည့်နှစ်တွင် ၇၉၅မှု၊ ၂၀၁၁ခုနှစ်တွင် ၁၂၄၅ မှုနှင့် ၂၀၁၂ခုနှစ်တွင်
၁၃၂၃မှု အထိ ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ
သိရသည်။
ပြည်သူလူထု ဘဝလုံခြုံမှုကို ထိခိုက်စေသည့်
မှုခင်းများကျူးလွန်နေခြင်း ကို လျော့ကျစေရန် ပြည်သူလူထုက ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဖုန်းအမှတ် ၀၁-၂၁၇၅၀၂၊ ၀၁-၂၁၇၅၀၃၊
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၀၁၇၆၁၊ ၀၁-၂၉၆၁၀၂၊
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူ
by the voice weekly
Thursday, June 6, 2013
ရန်ကုန်တွင် သုံးရက်လျှင် တစ်ကြိမ်ခန့် လူသတ်မှုဖြစ်ပွား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...