၂၀၀၉ ခုနှစ်တုန်းကပါ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန် အတွေး တစ်ခု ဝင်လာပါတယ်။ ဒါကတော့ ဘေလ်ဘုတ်ကြော်ငြာပဲ ဖြစ်ပါတယ်။ လူသား ဘေလ်ဘုတ် ကြော်ငြာစနစ်မရှိသေးပါဘူး။ ဒီတော့ သူက စတင်ဖို့ စိတ်ကူးရပြီး ဝဘ်ဆိုဒ် တစ်ခု လုပ်ပါတယ်။ ကုမ္မဏီ နဲ့ ထုတ်ကုန်ပစ္စည်းအကြောင်း ကြော်ငြာထားတဲ့ တီရှပ်ကို တစ်ရက်ဝတ်ခ ၁ ဒေါ်လာနှုန်းနဲ့ စတင်ပါတယ်။
ယင်းထုတ်ကုန်ပစ္စည်းကြော်ငြာထားတဲ့ တီရှပ်ကို မနက်အိပ်ယာထက စလို့ ညအထိ ဝတ်ဆင်ပြီး ရောက်တတ်ရာရာ သွားပါတယ်။ လူစည်ကားရာ သွားပါတယ်။ ဆန်းလဲဆန်းတော့ လူသိများလာပြီး သူ့ဝဘ်ဆိုဒ်လည်း လူဝင်ကြည့်များ၊ သူ့ကြော်ငြာစနစ်ကိုလည်း စိတ်ဝင်စားလာ ကြပါတယ်။ နောက်တော့ တစ်ရက် ၁ ဒေါ်လာ ကနေ ၂ ဒေါ်လာ၊ ၃ ဒေါ်လာ၊ ၄ ဒေါ်လာ ဈေးအဆင့်ဆင့် တက်လာပြီး ၂၀၀၉ ခုနှစ် တစ်နှစ်ထဲမှာကို အမေရိကန်ဒေါ်လာ ၈၃၀၀၀ တောင် ရှာဖွေနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပထမ နှစ်ကိုအခြေခံလို့ ဒုတိယ နှစ်မှာ တစ်ယောက်တည်း မဟုတ်တော့ပဲ အဖွဲ့လိုက်လုပ်ပါတယ်။ ကုမ္မဏီပေါင်းများစွာလည်း လာရောက်ပြီး စာချုပ်ချုပ်ပါတယ်။ တစ်လဝတ်ဆင်ကြော်ငြာပေးခ၊ ၆ လ ကြော်ငြာပေးခ အစရှိသဖြင့် ရရှိတဲ့ ဝင်ငွေတိုးလာပြီး ကြော်ငြာအေးဂျင့် ကုမ္မဏီကြီး တစ်ခုလို ဖြစ်လာပါတယ်။ ယနေ့မှာဆိုရင် လုပ်ငန်းကို အမေရိကန်မှာတင် မဟုတ်တော့ပဲ ကမ္ဘာအနှံ့ နယ်ချဲ့ တော့မှာ ဖြစ်ပါတယ်။
ယင်း ကြော်ငြာစနစ်က အတွေးကောင်းတဲ့ Jason Salder ကို တီရှပ်ဝတ်ရင်း ပိုက်ဆံရသူလို့ ယနေ့တိုင် လူသိများစေခဲ့ကြောင်း သိရပါတယ်။
----
http://www.iwearyourshirt.com
by yoyarlay










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...