<div style='background-color: none transparent;'></div>

Tuesday, June 4, 2013

သေမိန့်

ငါ့နှလုံးသားအား
ခုတ်သတ်ဖို့
ရက်စက်ခြင်းဓားသွား
သွေးနေတာလား..........
ရင်ဖွင့်ထားလျှက်ပါ
ကြိုက်တဲ့အချိန်
ခုတ်သတ်လို့သွားပါ

ရင်ခွင်ဟောင်းမှာနားခဲ့တာ
အချိန်တွေအတော်ကြာလို့
ငြီးလို့ကာများ
ရင်ခွင်သစ်ဆီကိုခိုဝင်နားဖို့အတွက်
ငါ့ရင်ခွင်တံခါးအား
စုံကန်ပြီးထွက်ခွာဖို့ဟန်ပြင်
ကြိုတင်ကြံစည်နေတာလား
ငါ့ရင်ခွင်တံခါး
မင်းကြိုက်သလိုစီရင်သွားပါ
မင်းကိုမလွန်ဆန်နိုင်တဲ့
ငါ့နှလုံးသား.................
ဒူးထောက်ခစားလျှက်ပါ

ရင်ခွင်ဟောင်းကိုစွန့်ခွာဖို့အတွက်
ကြိုတင်ကြံစည်နေတာတွေ
မလုပ်ပါနဲ့.......................
မင်းပင်ပန်းနေပါလိမ့်မယ်
မင်းသေဆိုသေဖို့အတွက်
ပြင်ဆင်ထားပြီးပါပြီ
သေမိန့်သာချလိုက်ပါတော့
ချစ်သူရယ်.....................

မာန(နွေနှင်းဆီ)
 
by ကဗျာနန်းတော် (facebook)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...