ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်
ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော
ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ ညနေ ၆ နာရီ၊ မိနစ် ၃၀ ခန့်တွင်
စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၇ နာရီခွဲခန့်တွင်
မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။
ထို့ပြင် မီးလောင်မှု အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ကာ အဆောက်အအုံ
ငါးလုံးနှင့် ဒီဇယ်ဆီဂါလန် ၃၀ ပျက်စီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက "အထဲမှာ
မီးမလောင်သေးတဲ့ ဒီဇယ်ပေပါ ၁၆ လုံးလောက် ရှိမယ်။ ပြီးတော့ ဒီဇယ်မီးစက်
အကြီးစားနှစ်လုံးလည်း မီးလောင်ထားတယ်။ လူအထိအခိုက်တော့ မရှိဘူး" ဟု
ပြောသည်။
အဆိုပါစက်ရုံ မီးလောင်မှုကို မီးသတ်ယာဉ် ၄၆ စီး၊ ကွပ်ကဲမှုယာဉ် ခြောက်စီးလာရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
"စလောင်တဲ့ နေရာက အလုပ်သမားတွေ နေတဲ့တန်းလျားက စလောင်နေတာ တွေ့ရတယ်။
လောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ ငြှိမ်းပါသေးတယ်။ နောက်တော့ မီးသတ်ကားတွေ
ရောက်လာပါတယ်" ဟု အဆိုပါ စက်ရုံမှ စက်ပြင်တာဝန်ခံ ဦးမျိုးထွဋ်က ပြောသည်။
by weeklyeleven
Wednesday, June 5, 2013
လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...