မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့တွင် ပြည်သူ ၁၀၀ ခန့် ဆန္ဒပြရန်
လျှောက်ထားမှုကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဇွန် ၁၄ ရက် နေ့စွဲပါ
ရုံးတံဆိပ်ဖြင့် ခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။
မလေးရှားနိုင်ငံရှိ မြန်မာလုပ်သား အရေးနှင့် ပတ်သက်ပြီး
မလေးရှားသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခွင့် ရရှိရေး မြန်မာ့လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးဆောင်ကာ လူ ၁၀၀ ခန့် ပါဝင်မည့်
ဆန္ဒပြမှုအား ဇွန် ၁၇ ရက်တွင် ပြုလုပ်ရန် လျှောက်ထားမှုကို ဇွန် ၁၂ ရက်က
သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးရှေ့တွင်
ဆန္ဒထုတ်ဖော်ရခြင်းမှာ မလေးရှားနိုင်ငံမှာရှိသော အခြားနိုင်ငံခြားသားများ
တန်းတူ မြန်မာနိုင်ငံသားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက် ပေးရေးအတွက်
ဖြစ်ကြောင်း မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးသက်နိုင်က
ဆိုသည်။
ဆန္ဒပြရန် လျှောက်ထားမှုအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅ တွင်
အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ခွင့်ပြုမိန့် ထုတ်ပေးရန် သက်ဆိုင်ရာက
ငြင်းဆိုခဲ့သည်။
သို့သော် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အနေဖြင့် မလေးရှားတွင်
မြန်မာနိုင်ငံသားများ အနေဖြင့် ယခုထက်ပိုမိုသည့် အခြေအနေ ဆိုးဝါးစွာ
ခံစားလာရပါက ဆန္ဒပြမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင်
ကိုနေမျိုးဇင်က ပြောကြားသည်။
ငြင်းပယ်ခံရမှုမှာ မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စနှင့် ပတ်သက်၍
မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ၏
ယခုလတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေနှင့် စပ်လျဉ်း၍ မြေပြင်
ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့်
တွေ့ဆုံဆွေးနွေးရန်အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးဇင်ယော်၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည်
မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ
သံရုံးရှေ့တွင် ဆောင်ရွက်ခြင်းဖြစ်၍ လုံခြုံရေးအရ ပြဿနာများ မဖြစ်ပွားစေရန်
အတွက်ဟု အဆိုပါ ငြင်းပယ်စာတွင် ပါရှိသည်။
ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ
စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၉
အရ အယူခံ ၀င်နိုင်ကြောင်းလည်း ပါရှိသည်။
by weeklyeleven
Saturday, June 15, 2013
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့တွင် ပြည်သူ ၁၀၀ ခန့် ဆန္ဒပြရန် လျှောက်ထားမှု သက်ဆိုင်ရာက ခွင့်မပြု
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...