အဝေးပြေးခရီး သည်ယာဉ်တစ်စီးကို ဓားပြတိုက် မှုဖြစ်စဉ်အပြီး နှစ်ရက်မြောက်
တွင် အောင်မင်္ဂလာအဝေးပြေး ကားဝင်းရှိ ယာဉ်လိုင်း ဂိတ်များ အားလုံးတွင် လုံခြုံရေးကင်မရာ များ တပ်ဆင်ရန်ညွှန်ကြား လိုက် ပြီးဖြစ်ကြောင်း အဝေးပြေးယာဉ် လိုင်းများထံမှ သိရသည်။
ဇွန် ၉ ရက်ကရာဇာမင်း ခရီးသည် တင်ယာဉ် ကို သထုံမြို့ နယ်အတွင်း ဓားပြတိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနှစ်ရက်အကြာ ဇွန် ၁၁ ရက်၌ အောင်မင်္ဂလာအဝေးပြေး ရှိ စည်ပင်သာယာရုံးတွင်ပြုလုပ် သည့် ယာဉ်လိုင်း အစည်းအဝေးကို တက်ရောက်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဗိုလ်မှူး ကြီးတင်ဝင်းက ယာဉ်လိုင်းဂိတ်များတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားရန်အ တွက် ညွှန်ကြားခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ယာဉ်လိုင်းများထံက သိရသည်။
ရွှေစင်စင်္ကြာ ယာဉ်လိုင်းက ယာဉ်လိုင်းအစည်းအဝေးတက်ခဲ့ သူတစ်ဦးက''ယာဉ်လိုင်းတွေရဲ့ဂိတ် တွေမှာ လုံခြုံရေးကင်မရာတွေ တပ်ဖို့ညွှန်ကြားပါတယ်။ အခြား ညွှန်ကြား မှုတွေအနေနဲ့ ကတော့ မှတ်ပုံတင်နဲ့ လူနဲ့ကားပေါ်မှာ တိုက်စစ်ဆေးတာမျိုးပေါ့။ အဲဒီ လိုတပ်ဆင်ထားတဲ့ဂိတ်က ဒီကား ဝင်းမှာ အရမ်းနည်းတယ်''ဟု ပြောသည်။
ယင်းကဲ့သို့ အောင်မင်္ဂလာ အဝေးပြေကားဝင်းတွင် လုံခြုံရေး ကင်မရာများတပ်ရန် ညွှန်ကြား သကဲ့သို့ မော်လမြိုင်ကားဝင်းရှိ ယာဉ်လိုင်းဂိတ်များတွင်လည်း ယင်း ကင်မရာ များ တပ်ဆင်ရန် ညွှန်ကြားလိုက်ကြောင်း ဓားပြ တိုက်ခံရသည့် ရာဇာမင်းယာဉ် လိုင်းမှ ဒါရိုက်တာတစ်ဦးကပြော ကြားခဲ့သည်။
ရာဇာ မင်းယာဉ်လိုင်း ဒါရိုက်တာ ဦးခိုင်မြင့်က ''မော်လမြိုင်ယာဉ် ကြီးကြပ်ရေးအဖွဲ့က လုံခြုံရေးအ တွက် တပ်ခိုင်းတာလို့သိရတယ်။ ကားဝင်းထဲမှာရှိတဲ့ ကားဂိတ် တွေ အားလုံးကို တပ်ခိုင်း တာ''ဟု ပြော သည်။
''အခုလို ကင်မရာတွေတပ် ခိုင်းတာက လုံခြုံရေးကို အထောက် အကူပြုတာမှန်ပေမယ့် ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ဝန် ထမ်းတွေကို အလုပ်မှာ တာဝန် ပျက်တာ မျိုးတွေ၊ ပေါ့လျော့တာ မျိုးတွေ ရှိလာနိုင်တယ်။ အဓိကက လုံခြုံရေးကင်မရာ တပ်တာ ထက် တရားဥပဒေစိုးမိုးဖို့ပါ''ဟု ယင်းက ဆက်လက်ပြီး လုံခြုံရေး ကင်မရာ တပ်ဆင်ခြင်း နှင့်ပတ် သက်သည့် ညွှန်ကြားမှုများအပေါ် တွင်သုံးသပ်သည်။
လက်ရှိထွက်ပေါ်နေသည့် မော်လမြိုင်ပြေးဆွဲသည့် ယာဉ် လိုင်းများကို လုံခြုံရေးကင်မရာ တပ်ဆင်ရမည်ဆိုသည့် သတင်း များနှင့်ပတ်သက်ပြီး မဟုတ်မှန် ကြောင်း ကိုလဲ အဆိုပါလိုင်းပိုင် ရှင်က အတည်ပြုပေးသည်။ ''ယာဉ်ပေါ်မှာတပ်ခိုင်းတာ မဟုတ်ပါဘူး။ ဂိတ်တွေမှာတပ်ခိုင်း တာပါ''ဟု ယင်းရာဇာမင်းယာဉ် လိုင်း ဒါရိုက်တာ က ပြောသည်။
အဆိုပါဓားပြတိုက်မှုဖြစ် ပွားပြီးနောက်ပိုင်း အဝေးပြေးယာဉ် လိုင်းများတွင်လုံခြုံရေးပိုင်း တပ် လှန့်လိုက်သည်ဆိုသော်လည်း ကင်မရာတပ်ဆင်မှုကို အမိန့်သ ဘောမျိုး ထုတ်ပြန်မည်မဟုတ် ကြောင်း အောင်မင်္ဂလာအဝေး ပြေးကားဝင်း စည်ပင်သာယာရုံး မှ သိရသည်။
စည်ပင်ရုံးဌာနခွဲမှူးက''လုံ ခြုံရေးကင်မရာတပ်ရင် ကားဂိတ် လုံခြုံရေးတွေအတွက် ကောင်းလို့ အကြုံပြုပြီးတပ်ခိုင်းတာပါ။ ဒီကင် မရာတွေကို မဖြစ်မနေတပ်ဆင် ဖို့အတွက်စာထုတ်ပြီး မညွှန်ကြား သေးပါဘူး''ဟု ပြောသည်။ လက်ရှိ တွင် အောင်မင်္ဂလာ အဝေးပြေးယာဉ်လိုင်းများတွင် လုံခြုံရေးကင်မရာ တပ်ဆင်ထား သည့် ကားဂိတ်သည် ရှစ်ခုခန့်သာ ရှိကြောင်း ဂိတ်လုပ် ငန်းရှင် များ ထံမှ သိရ သည်။
ကျော်ဇေယျ
by Yangon Media

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...