လားရှိုးမြို့ရှိ အဝေးပြေးကားဂိတ်ဝင်း တစ်နေရာအား တွေ့ရစဉ်
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချိန်၌ လားရှိုးမြို့သို့ ဖြတ်သန်းသွားလာမည့်
ခရီးသည်တင် ယာဉ်များ၊ ကုန်တင်ယာဉ်များကို စုဝေးပြီး တစ်နာရီလျှင်တစ်ကြိမ်
လုံခြုံရေးဖြင့် သွားလာခွင့် ပြုနေကြောင်း သိရသည်။
လားရှိုးမြို့သို့ ဖြတ်သန်းသွားလာမည့် ယာဉ်များကို အေးရှားဝေါလ်
တိုးဂိတ်အတွင်း စုစည်းပြီး လုံခြုံရေး ယာဉ်တန်းဖြင့် လားရှိုးမြို့
ကျော်လွန်သည်အထိ ပို့ဆောင်ပေးနေကြောင်း သိရသည်။
"လားရှိုးဖြစ်စဉ်ကြောင့် ရွှေလီ၊ မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း
လျော့ကျမသွားစေဖို့ ဆောင်ရွက်ရတာပါ။ နောက်ပိုင်းမှာ ဒီဖြစ်စဉ်ကြောင့်
ဘယ်လောက်လျော့ကျ သွားတယ်ဆိုတာ ဆန်းစစ်မှုတွေ ပြုလုပ်သွားမှာပါ" ဟု
ရှမ်းပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက မေ ၃၁ ရက်တွင်
ပြောကြားသည်။
လားရှိုးမြို့သည် တရုတ်နိုင်ငံနှင့် မန္တလေး-ရန်ကုန်မြို့များ ကုန်သွယ်မှု ပြုလုပ်ရာ၌ အဓိကလမ်းပိုင်း ဖြစ်သည်။
လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်၍
မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး မေ ၂၈ ရက်မှစကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း
လက်ရှိတွင် ည ၈ နာရီမှ နံနက် ၄ နာရီအထိ မည်သည့်ယာဉ်ကိုမျှ
ဖြတ်သန်းသွားလာခွင့် မပြုကြောင်း သိရသည်။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော
လားရှိုးမြို့တွင် မေ ၃၁ ရက် နံနက်ပိုင်းတွင် တားမြစ်ထားသော နေရာများမှအပ
ကျန်နေရာများတွင် ပုံမှန်အတိုင်း သွားလာနေသည်ကို တွေ့ရသည်။
လက်ရှိ အချိန်တွင် လားရှိုးမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကို
တည်ငြိမ်အေးချမ်းလာပါက တဖြည်းဖြည်း ဖြေလျှော့ပေးမည်ဟု နယ်/လုံဝန်ကြီး
ဗိုလ်မှူးကြီးအောင်သူက မေ ၃၁ ရက်တွင် ပြုလုပ်သော ပဋိပက္ခ
တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
by weeklyeleven
Sunday, June 2, 2013
လားရှိုးမြို့တွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင် ယာဉ်များကိုစု၍ တစ်နာရီတစ်ကြိမ် လုံခြုံရေးဖြင့် ဖြတ်သန်းခွင့်ပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...