ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၀၈ မိနစ်
အင်းစိန်ရွာမရှိ ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦးသည် စက်ရုံပိုင်
မော်တော်ကားများမှ အလွိုင်းခွေများအား ခိုးထုတ်သည်ဟု စွပ်စွဲကာ ဇွန် ၁၁
ရက်က တိုင်ကြားခံရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း
ရရှိသည်။
ခိုးမှုဖြင့် စွပ်စွဲခံရသူများမှာ အမှတ် (၃) သံမဏိစက်ရုံမှ
စက်ရုံလုပ်သားများဖြစ်သော အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ်စိုး၊ အသက် ၂၇
နှစ်အရွယ်ရှိ ကိုကြည်ငြိမ်းအောင်၊ အသက် ၂၃ နှစ်အရွယ်ရှိ
ကိုစိုးလင်းအောနှင့် အသက် ၂၁ နှစ်အရွယ် ကိုကိုမောင်တို့ဖြစ်ကြောင်း
ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
၎င်းတို့လေးဦးသည် ဇွန် ၁ဝ ရက်၊ ည ၈ နာရီ
၅ဝ မိနစ်အချိန်က တန်ဖိုးကျပ် ရှစ်သောင်းရှိသော စက်ရုံပိုင် ကားမျိုးစုံမှ
အလွိုင်း ခွေဟောင်း၂ဝ ခုကို စက်ရုံအတွင်းမှ ခိုးထုတ်ပြီး
စက်ရုံပြင်ပအုတ်နံရံဘေးတွင် စုပုံထားသည်ကို တွေ့ရှိခဲ့ရသည်ဟု တရားလိုက
ရဲစခန်းကို တိုင်တန်းထားသည်ကို တွေ့ရသည်။
ခိုးမှုဖြင့်
စွပ်စွဲခံရသူများကို စက်ရုံလုံခြုံရေးမှူး ဗိုလ်ကြီး ရဲနိုင်(ငြိမ်း)က
တရားလိုပြုလုပ်တိုင်တန်းထားပြီး အင်းစိန်ရဲစခန်းက အမှုအမှတ် (ပ)၆၃၁/၁၃ဖြင့်
အမှုလက်ခံထားကာ ၎င်းတို့ကို ပြည်သူပိုင် ပစ္စည်းခိုးမှု ပုဒ်မ ပပက ၆(၁)ဖြင့်
တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိတွင် သူတို့ကို ရဲကစစ်ဆေးလျှက်ရှိသည်ဟု သတင်း
ထုတ်ပြန်ထားသည်။
by mizzima
Thursday, June 13, 2013
ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦး ခိုးမှုဖြင့် တရားစွဲခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...