ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခုန်ဆင့်ကျေးရွာနေ ဦးဖိုးသီ (၅၉)နှစ်ပိုင်ကျွဲ(၁)ကောင် ရုတ်တရက်သေဆုံးသွားသဖြင့် အသားဖျက်ပြီး ခုန်ဆင့်ရွာနှင့်နောင်ပေါင် ရွာသူ/သား(၁၇၅)ဦးတို့မှ စားသုံးခဲ့သည်။
၎-၆-၂၀၁၃ ရက်နေ့တွင် ခုန်ဆင့်ရွာနှင့် နောင်ပေါင်ရွာသား (၁၀)ဦးတွင်
ခန္ဓာကိုယ်၌အနာစက်များဖြစ်လာသောကြောင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက်
ကုသခဲ့သဖြင့် ၈-၆-၂၀၁၃ ရက်နေ့တွင် မိုးမောက်မြို့နယ်၊
ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ
ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာတို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ ရာ ဒေါင့်သန်း
ရောဂါသံသယကြောင့် အနာစက်များဖြစ်ပွား ရကြောင်းတွေ့ ရှိ၍
ကျွဲသားရေအားမီးရှို့ဖျက်ဆီးခြင်း၊ ကျွဲသားစားမိသူ(၁၇၅)ဦးအား
ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာမှ
ရွာသူ/သား(၂၁၈)ဦးအား ကျွဲ/နွားရောဂါနှင့်ကူးစက်တတ်ခြင်းအကြောင်း
အသိပညာပေးဟောပြော ခြင်းများဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ၉-၆-၂၀၁၃
ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကျွဲပိုင်ရှင် ဦးဖိုးသီ၏
ကျွဲကလေး(၁)ကောင်၊ နွား(၃)ကောင်နှင့် ပတ်ဝန်းကျင်ရှိ ကျွဲ/နွား(၂၇)ကောင်
တို့အားကာကွယ်ဆေး ထိုးပေးခဲ့ပြီး နောင်ပေါင်ရွာနှင့်ခုန်ဆင့်ရွာတို့မှ
ကျွဲသားစားသူများအား ထပ်မံ စစ်ဆေးရာ ရွာသူ/သား(၁၀)ဦးခန့်တွင်
ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့
တင်ပို့ကုသပေးခဲ့သည်။
ထို့ပြင် ၁၀-၆-၂၀၁၃ ရက်နေ့တွင်
ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ခုန်ဆင့် ကျေးရွာရှိ ကျွဲ(၂၁)ကောင်၊
နွား(၄၈)ကောင်နှင့်နောင်ပေါင်ကျေးရွာရှိ ကျွဲ(၃၀)ကောင်၊ နွား(၅၄)ကောင်၊
စုစုပေါင်း(၁၅၃)ကောင် တို့အား ဒေါင့်သန်း ကာကွယ်ဆေးများထိုးပေးခဲ့ပြီး
နောင်ပေါင်ကျေးရွာတွင် မြို့နယ်ကျန်း မာရေးဦးစီးဌာနမှ Mobile Clinic
ဖွင့်လှစ်၍ မန်နောင်(ပင်မ)ကျေး လက်ကျန်းမာရေး ဌာနနှင့်ပူးပေါင်းကာ ရောဂါ
ရှာဖွေကုသခြင်း၊ ရောဂါရှိ/မရှိစောင့်ကြပ်ကြည့်ရှုခြင်း၊ လူနာသစ်ရှိ/မရှိ
ရှာဖွေစစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းများဆောင်ရွက် လျက်ရှိကြောင်း
သတင်းရရှိသည်။
by thithtoolwin
Thursday, June 13, 2013
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် သေဆုံးကျွဲသားစားရာမှ ရွာသူ/သားများ ဒေါင့်သန်းရောဂါဖြစ်ပွား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...