<div style='background-color: none transparent;'></div>

Monday, June 3, 2013

ချားရဟတ်ကို နှစ်ရက်စီးပြီး ကမ္ဘာ့စံချိန် တင်သူ



ချီကာဂိုရှိ နာမည်ကျော် နေဗီပီယာ ချားရဟတ်ကြီးကို ကလင်တန်ရှပ်ဟက် ဆိုသူက ၄၈ နာရီ ၈ မိနစ် ၂၅ စက္ကန့် ကြာ လိုက်ပါ စီးနင်းပြီး ကမ္ဘာ့စံချိန် တင်ခဲ့သည်။ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန် တင်ခဲ့သည့် ကလင်တန်ရှပ်ဟက်သည် နေဗီပီယာ ချားရဟတ်တွင် တာဝန်ထမ်းဆောင် နေသည့် မန်နေဂျာ ဖြစ်သည်။ သူသည် ချားစီးစဉ် အိပ်ပျော်မသွားရန် ဂျိမ်းစ်ဘွန်းနှင့် လင်းနို့ လူသား ရုပ်ရှင်များကို ကြည့်ရှူ ခဲ့ပြီး ဗီင်္ဒီယိုဂိမ်းကိုလည်း နာရီပေါင်း များစွာ ကြာသည် အထိ ကစားခဲ့ရသည်။

by swesonemedia

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...