အုပ်စုဖွဲ့အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း
မြန်မာလုပ်သားများ သေဆုံးခဲ့သည့် မလေးရှားနိုင်ငံ ဆာလာယန်း အနီးရှိ
အန်းပန်း ရွာသစ်တွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းကလည်း အသက် ၂၀ အရွယ်
မြန်မာနိုင်ငံသားတစ်ဦး ထပ်မံ အသတ်ခံခဲ့ရကြောင်း ကပုန်း နာရေး
ကူညီမှုအသင်းမှ ဦးထွန်းအောင်က ပြောကြားသည်။
လူဆယ်ဦး အုပ်စုဖွဲ့ကာ ဝင်ရောက် သတ်ဖြတ်မှုကြောင့် ကားရေဆေး အလုပ်ရုံတွင်
အိပ်ပျော်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် လည်ပင်း၊ ရင်အုပ်နှင့်
နောက်ကျောတွင် ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေပြီး ၎င်းကို အလုပ်ရုံနှင့် မီတာ
၁၀၀ အကွာတွင် နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က ရဲများက တွေ့ရှိခဲ့ကြောင်း
မလေးရှားနိုင်ငံပိုင် သတင်းဌာန Bernamau သတင်းတွင် ဖော်ပြထားသည်။
“အလောင်းက ရဲလက်မှာပဲ ရှိသေးတယ်။ ပိုင်ရှင်ကနေတစ်ဆင့် တောင်းမှ ရမယ်”ဟု ဦးထွန်းအောင်က ဆိုသည်။
အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားစဉ် အလုပ်ရုံအတွင်း စုစုပေါင်း လူကိုးဦး
ရှိသည့်အနက် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ တိုက်ခိုက်ခံ
ခဲ့ရကာ ဒဏ်ရာ ရရှိခဲ့ကြောင်း အန်ပန်းဂျာယားဒေသမှ ဒုတိယ ရဲမှူး Mr. Nazri
Zawawi က ဆိုသည်။
သေဆုံးသူတွင် တရားဝင် စာရွက်စာတမ်း
အပြည့်အစုံရှိပြီး ၄င်း၏ ရုပ်အလောင်းကို Malaya တက္ကသိုလ် ဆေးဌာနသို့
ပို့ဆောင်ထားကြောင်း၊ အဆိုပါသတ်ဖြတ်မှု ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေကြောင်း
Bernamau သတင်းက ဆိုသည်။
မြန်မာနိုင်ငံသံရုံးအနေနှင့်
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ကို မြန်မာနိုင်ငံသားများအပေါ်
ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖော်ထုတ် အရေးယူပေးရန်နှင့်
မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးရန် သံတမန် နည်းလမ်းအရ
အကြောင်းကြားထားကြောင်း မလေးရှား ရဲတပ်ဖွဲ့ ကလည်း ဆာလာယန်းတွင်
ဖမ်းဆီးမှုအချို့ပြုလုပ်ခဲ့ကြောင
မလေးရှားတွင် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှု များကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင
မလေးရှားနိုင်ငံတွင်
မြန်မာအလုပ်သမားများ ယခုရက်ပိုင်းအတွင်း သုံးကြိမ် ဆက်တိုက် လူအုပ်စုဖွဲ့
အကြမ်းဖက်မှုခံခဲ့ရပြီး နှစ်ဦးကို ဆေးရုံတွင် ကုသနေကြောင်း ဇွန်လ ၂
ရက်နေ့တွင် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ် ဦးတင်လတ်က
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ဖြေကြား ထားသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် မေလ ၃၀ နှင့် ၂၁ ရက်နေ့များ တွင်
ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသားနှစ်ဦး သေ
ဆုံးခဲ့သည်။
by the voice weekly
Tuesday, June 4, 2013
မလေးရှားတွင် မြန်မာတစ်ဦး ထပ်မံအသတ်ခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...