ဇွန် ၅ ရက်က ဆလာရန်းတွင် မလေးရှားရဲများက အော်ပရာစီဝင်ပြီး မြန်မာအလုပ်သမားများကို ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-မျိုးညွန့်)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီး၌ အကြမ်းဖက် တိုက်ခိုက်ခံရ
မှုများကြောင့် လူသေဆုံးမှုများ ထပ်မဖြစ်သော်လည်း ကောလာဟလများနှင့်
မမှန်သတင်းများကြောင့် မလေးရှားရောက် မြန်မာများ ထိတ်လန့်နေရကြောင်း
သိရသည်။
မလေးရှား နိုင်ငံတွင် မေ ၃၀ ရက်မှ စတင်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာများကို
ဘင်္ဂါလီ လူအုပ်စုများမှ အကြမ်းဖက် တိုက်ခိုက်မှုများ ရှိခဲ့ပြီး တရားဝင်
စာရင်းများအရ လူငါးဦး သေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ဓားခုတ်ဒဏ်ရာများ
ရရှိခဲ့ကြသည်။
အဆိုပါ ဖြစ်ရပ်များသည် ကွာလာလမ်ပူမြို့ရှိ ဆလန်းဂေါပြည်နယ် ဆလာရန်းမြို့
ဆလာရန်း ဈေးသစ်နှင့် ဈေးဟောင်းနေရာများတွင် စတင်ဖြစ်ပေါ်ခဲ့ခြင်း
ဖြစ်ပါသည်။ ဆလာရန်းမြို့တွင် မလေးရှား နိုင်ငံသား မဟုတ်သော ဘင်္ဂါလီအများစု
နေထိုင်လျက်ရှိပြီး မြန်မာတိုင်းရင်းသား အချို့လည်း နေထိုင်လျက် ရှိပါသည်။
လက်ရှိ အချိန်တွင် ဆလာရန်းတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်
တိုက်ခိုက်ခံရမှုများကြောင့် ထိုဒေသတွင် နေထိုင်နေသော ဗုဒ္ဓဘာသာဝင် မြန်မာ
အလုပ်သမားများမှာ နေအိမ်များကို စွန့်ခွာပြီး ကပုန်းမြို့နယ်ရှိ
ကပုန်းဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ နီးစပ်ရာ သူငယ်ချင်း
မိတ်ဆွေများ၏ နေအိမ်သို့ လည်းကောင်း သွားရောက်ခိုလှုံလျက် ရှိသည်ဟု သိရသည်။
"ဆလာရန်းဈေးမှာ အလုပ်လုပ်တယ်။ အခု ပြန်မသွား ရဲတော့ဘူး။
အိမ်ပဲပြန်တော့မယ်" ဟု ကပုန်းဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော
မစမ်းစမ်းက ဆိုသည်။
"မင်းက ဗမာလား။ ဗမာဆိုရင် လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ကားပါကင်
ရောက်တဲ့အချိန် လူအုပ်စုနဲ့ ၀ိုင်းခုတ်တာတွေကို
ကျွန်တော်ကိုယ်တိုင်မြင်ပြီး ထွက်ပြေးခဲ့ရတာ။ မြန်မာပြည်ကိုပဲ ပြန်တော့မယ်"
ဟု ကပုန်း ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသော ကိုမျိုးအောင်ခင်က
ပြောကြားသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါ်ဝင်းမော်ထွန်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကပုန်း
ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော မြန်မာအလုပ်သမားများကို ဇွန် ၁၂
ရက်က တွေ့ဆုံစဉ်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ပတ်ဝန်းကျင်ရှိ ဆလာရန်း၊ ကာချန်း၊
နီလိုင်း၊ ရာဝမ်း၊ ဂျိုဟိုး၊ ပီနန်း၊ ပုချွန်း၊ ကပုန်း၊ ကွမ်တန်းနှင့်
ဒမန်ဆာရာတို့တွင် ဗုဒ္ဓဘာသာဝင် မြန်မာ အလုပ်သမားများ အပါအ၀င် ကရင်၊ မွန်၊
ချင်း၊ ရခိုင် အစရှိသော တိုင်းရင်းသားများလည်း အလုပ်လုပ်ကိုင်လျက်
ရှိနေသည်။
ထိုသို့ မလေးရှားကို စွန့်ခွာပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လိုသူ
များပြားနေချိန်တွင် မမှန်သတင်းနှင့် ကောလာဟလများကြောင့် ဒေသခံများမှာ
ထိန့်လန့်ချောက်ချားမှုများ ဖြစ်ပေါ်နေရသည်ဟု သိရသည်။
"ဟိုနေရာမှာ အသတ်ခံရပြီ။ ဒီနေရာမှာတော့ အသတ်ခံရပြီဆိုတဲ့ သတင်းတွေ
ထွက်တယ်။ ကျွန်တော်တို့ သွားကြည့်တယ်။ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက်
အတည်ပြုလို့ မရဘူး။ သတင်းတွေကတော့ ထွက်တယ်။ ရှားလမ်းမှာ မိန်းကလေးနှစ်ယောက်
မုဒိမ်းကျင့် သတ်ခံရတယ်ဆိုပြီး သတင်းထွက်တယ်။ သွားကြည့်တော့ မဟုတ်ဘူး
ဖြစ်နေတယ်" ဟု ကွာလာလမ်ပူမြို့တွင် လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်နေသူ
ကိုမျိုးညွန့် (save the age) က ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှားလမ်းတွင် မြန်မာမိန်းကလေးနှစ်ဦး
အသတ်ခံရကြောင်း သတင်းထွက်ခဲ့ပြီး ယမန်နေ့ ညကလည်း ရှားလမ်းရှိ
ဆမ်ဆောင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာမိန်းကလေး တစ်ဦးကို
စက်ရုံထဲအထိ လိုက်လံသတ်ဖြတ်မှု ရှိခဲ့ကြောင်းနှင့် ယနေ့နံနက်ပိုင်းက
ကပုန်းဘက်တွင် အမျိုးသားငါးဦး အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး
ထိုသတင်း အားလုံးမှာ မမှန်သတင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။
"ဖြစ်နေတာတွေကတော့ လွန်ပါတယ်။ Facebook ပေါ်ကလည်း ကျွန်တော်တို့
ထိတ်လန့်အောင်၊ ကြောက်လန့်အောင် ခြောက်လှန့်နေတယ်။ တစ်ခုခု မဖြစ်ဖြစ်အောင်
လှုံ့ဆော်နေတယ်လို့ ထင်ရတယ်။ မလေးရှားမှာ ဗမာတွေ အသတ်ခံ နေရပြီဆိုပြီး
ပုံတွေတင်တယ်။ တချို့ကတော့ အမှန်တွေ တင်တယ်။ တချို့ကျတော့ ပုံအမှားတွေ၊
တိုက်ပေါ်ကခုန်ချပြီး သေပြီးသားပုံတွေ အဲတာတွေက ကြာလှနေပြီ။ နောက်ပြီး
ဒီနေ့တင်ထားတဲ့ပုံ။ ရာဘာတောထဲမှာ အသတ်ခံရတဲ့ အလောင်းသုံးလောင်းပုံ။
အိတ်အမည်းတွေနဲ့ ထုပ်ထားတာ။ အဲတာက ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့
လူသတ်မှုပုံတွေ။ သူတို့က သတင်းစာက ပုံကိုတင်တာ။ သတင်းစာမှာ ရက်စွဲမပါဘူး။
ဖြစ်တာက ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲလိုတွေလုပ်ပြီး ဒီမှာမဖြစ်ဖြစ်အောင်
လှုံ့ဆော်နေကြတယ်" ဟု ကိုမျိုးညွန့် (save the age) က ဆက်လက်ပြောကြားသည်။
by weeklyeleven
Thursday, June 13, 2013
လူသေဆုံးမှုများ ထပ်မဖြစ်သော်လည်း ကောလာဟလများနှင့် မမှန်သတင်းများကြောင့် မလေးရှားရောက် မြန်မာများ ထိတ်လန့်နေရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...