မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၈၀ ဦးသည် ဇွန် ၁၅ ရက်တွင် MAI
လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ စတင်ရောက်ရှိမည် ဖြစ်ကြောင်း MAI
လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။
| လေယာဉ်လက်မှတ်ခကို ၅၀ ရာခိုင်နှုန်း လျှော့ရောင်းတယ် ဆိုပေမယ့် အမေရိကန်ဒေါ်လာ ၇၀ နဲ့ ရောင်းချခဲ့တာပါ။ ပုံမှန်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၀၀ ခန့် ကျသင့်ပြီး ထက်ဝက်လျှော့လိုက်ရင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ကျသင့်မှာ ဖြစ်ပေမယ့် ၇၀ နဲ့ပဲ ရောင်းခဲ့တာပါ။ အစောဆုံး ခရီးစဉ်က ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပါတယ် . . . . . |
"လေယာဉ်လက်မှတ်ခကို ၅၀ ရာခိုင်နှုန်း လျှော့ရောင်းတယ် ဆိုပေမယ့် အမေရိကန်ဒေါ်လာ ၇၀ နဲ့ ရောင်းချခဲ့တာပါ။ ပုံမှန်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၀၀ ခန့် ကျသင့်ပြီး ထက်ဝက်လျှော့လိုက်ရင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ကျသင့်မှာ ဖြစ်ပေမယ့် ၇၀ နဲ့ပဲ ရောင်းခဲ့တာပါ။ အစောဆုံး ခရီးစဉ်က ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပါတယ်" ဟု မအေးမရသာက ဆိုသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ရောက်ရှိနေသော မြန်မာလူမျိုးများကို အကြမ်းဖက်မှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွား နေရသည့် အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာလူမျိုးများ အဆင်ပြေစေရန်အတွက် MAI လေကြောင်းလိုင်းမှ ယခုကဲ့သို့ လေယာဉ်လက်မှတ် ဈေးနှုန်းအား ထက်ဝက်လျှော့ချ ပေးနေခြင်း ဖြစ်သည်။
by weeklyeleven










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...