ရခိုင်ပြည်နယ်အစိုးရ၏ ရခိုင်ပြည်နယ် ဘူးသီးတောင်၊
မောင်တောခရိုင်များအတွင်း ကလေးမွေးဖွားမှုနှုန်း ထိန်းချုပ်သည့်
ဒေသန္တရအမိန့်ကို ဒေသခံ ၃ဝဝဝ ခန့်နှင့် သံဃာတော်များပါဝင်သည့် ထောက်ခံ
ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၄ ရက် မွန်းလွဲပိုင်းက စစ်တွေတွင် ပြုလုပ်ခဲ့သည်။
ဆန္ဒထုတ်ဖော်မှုကို သံဃာတော်အပါး ၄ဝဝ ခန့်က ကြီးကြပ်ခဲ့ပြီး မှန်ကန်သည့်
လုပ်ရပ်ဟုဆိုကာ ထောက်ခံဆန္ဒပြခြင်းဟု ဆန္ဒထုတ်ဖေါ်မှုတွင်
စည်းကမ်းထိန်းသိမ်းရေးနှင့်
''လူဦးရေထိန်းချုပ်မယ့် ဒေသန္တရ အမိန့်ဟာ တိုင်းရင်းသားတွေအတွက် အသက်တမျှ
အရေးကြီးလှတယ်။ သင့်မြတ်မှန်ကန်ပြီး ဒေသအခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့်
ဒီအမိန့်ကို ဆက်လက်ကျင့်သုံးဖို့ ဦးဇင်းတို့ တိုင်းရင်းသားတွေက ထောက်ခံ
ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်'' ဟု အမိန့်ရှိသည်။
ဒေသန္တရအမိန့်ကို
ထောက်ခံသူများသည် စစ်တွေမြို့ဝင်္ကပါကွင်းတွင် စုဝေးခဲ့ကြပြီး
တောင်းဆိုချက်များ ကြွေးကြော် လျက် ဦးဥတ္တမလမ်းမှသည် မင်းဘာကြီးလမ်းမှ
သင်္ဘောဆိပ်ဘက်သို့ ချီတက်ခဲ့ကာ ထိုမှတစ်ဆင့် လမ်းမကြီး တစ်လျှောက် လှည့်လည်၍
ဝင်္ကပါကွင်း၌ အဆုံးသတ်ခဲ့ကြသည်။
ဆန္ဒပြသူများက
အဆိုပါအမိန့်ကို ရခိုင်ပြည်နယ်တစ်ခုလုံး ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပြီး
လူဝင်မှုကြီးကြပ်ရေး စီမံချက်များကိုလည်း အကောင်အထည်ဖော်ပေးရန်
တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုကို ဒေသအာဏာပိုင်မှုထားထံ
ခွင့်ပြုချက်တောင်းခံခဲ့သော
''ဘာတုံ့ပြန်မှုမှမရှိတာကြည့
ဆန္ဒပြရန်အတွက် ဇွန်လ၂ ရက်က စစ်တွေမြို့တွင် သံဃာတော်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ရခိုင်ပြည်နယ် ရှစ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
မေလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
သို့သော်
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ မောင်တောခရိုင်အတွင်း ဒေသန္တရ
အမိန့်ထုတ်ပြန်ခြင်းမှာ ခွဲခြားဆက်ဆံမှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မြှု
ဝေဖန်ထောက်ပြမှုများရှိနေသည်
ထို့ပြင် ဗဟိုအစိုးရ ပြန်ကြားရေးဒု-ဝန်ကြီး ဦးရဲထွဋ်ကလည်း
အဆိုပါဒေသန္တရအမိန့်ကို ပြန်လည်သုံးသပ်ရန် ရှိကြောင်း ဗွီအိုအေ
အမေရိကန်အသံသို့ ပြောဆိုထားရှိသည်။ လွန်ခဲ့သည့် မေလအတွင်း ၎င်းခရိုင်၌
မွေးဖွားမှုနှုန်း ကန့်သတ်သည့် ဒေသန္တရအမိန့်ကို ဒေသဆိုင်ရာအာဏာပိုင်တို့က
ထပ်မံထုတ်ရန်ပြင်ဆင်နေကြောင
ဒေသန္တရအမိန့်၌ အသက် ၁၈နှစ် ပြည့်မှ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တစ်လင်
တစ်မယားစနစ်သာ ကျင့်သုံးလျက် အိမ်ထောင်တစ်ခုတွင် ကလေးနှစ်ဦးသာ
မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင်
ထုတ်ပြန်ထားခဲ့သည်။
==========================
ု့ပုံစာအညွှန်း - ရခိုင်ပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့်ကို ထောက်ခံဆန္ဒပြကြသော
အင်အား ၃,၀၀၀ ခန့်ရှိ သံဃာနှင့် ဒေသခံများအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့
မွန်းလွဲ ၁ နာရီခွဲက စစ်တွေမြို့၌ တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊
မဇ္ဈိမ) ထိုအမိန့်အရ မူဆလင် အများစု နေထိုင်ရာ ဘူးသီးတောင်နှင့်
မောင်တောမြို့နယ်များတွင် တလင်တမယား စနစ်နှင့် သားသမီး နှစ်ဦးသာ
ရယူခွင့်ရှိမည်ဖြစ်သည်။
by mizzima
Wednesday, June 5, 2013
ရခိုင်တွင် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်မှုအမိန့်ဒေသခံ ရာပေါင်းများစွာ ထောက်ခံဆန္ဒပြ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...