<div style='background-color: none transparent;'></div>

Tuesday, June 11, 2013

ရင်သပ်ရှု့မော တာမွေမြစ်တကြော

မဟာရန်ကုန်ရွှေမြို့တော်ကြီးရဲ့ အထင်ကရမြိုနယ်ကြီးတစ်ခု အဖြစ်လူသိများတဲ့ တာမွေမြို့နယ်အတွင်း မိုးရာသီ
ရောက်ပြီဆိုတာနဲ့ မြစ်ကြီးတစ်စင်း စတင်ဖြတ်သန်းစီးဆင်းပါတော့တယ်။

လူဦးရေလဲထူထပ်စီးပွားရေးလုပ်ငန်း တွေလဲပေါတဲ့ တာမွေမြို့ နယ်အတွင်း က ထိုမြစ်ကြီးကိုတော့ ကျွန်တော် “ တာမွေမြစ် ” လို့ ရိုးရိုးလေးပဲ အမည်
ကင်မွန်းတပ်ပါရဇီ။ဆောင်းနဲ့နွေအခါမတော့ မဟာတာမွေမြစ်ကြောင်းကြီး ကော ပြီး မြစ်တစ်လျှောက် ချိုင့်ခွက် ကြီးတွေ နဲ့ ခရီးသွားပြည်သူ အပါင်းတို့ ဆောင့်ကြီးအောင့်ကြီး ခရီးနှင်ကြရပါတယ်။

တာမွေမြစ်ကြီး မွေးဖွားခဲ့တဲ့ကာလကတော့ ၁၉၈၈ နောက်ပိုင်း “ နဝတ “ လက်ထက်က စ ခဲ့မယ်လို့ခန့်မှန်းရပါ တယ်၊ တာမွေမြို့ နယ် နဲ့ မင်္ဂလာတောင်ညွှန့် နှစ်မြို့နယ်အစပ် ကြက်လျှာစွန်းလမ်းဆုံကစတင် မြစ်ဖျားခံတဲ့ တာမွေမြစ်ကြီးဟာ တာမွေပ လာဇာ ကားများရပ်နားရာ မြေအောက်ခန်းအထိ ရှည်လျားပြီး မြစ်ရိုးတစ်လျှောက် မြစ်
လက်တက်ငယ်များ များစွာဖြင့်ရပ်ကွက်များ လူနေအိမ်များအတွင်းသို့လဲ ခရီးဆန့်ပြန်ပါသေးတယ်။

သူမ စတင်ပေါ်ပေါက်လာဖို့အတွက် နဝတလက်ထက်မှသည် ယနေ့ အစိုးရလက်ထက်တိုင်အောင် စွမ်းစွမ်းတမံ ကြိုးပန်းခဲ့ကြသော အမည် နာမ တိတိကျကျစာရင်းပြုစုရန်ခက်ခဲးသည့် လူတန်းစား ၂ ရပ်ရှိကြောင်းလဲ အကြမ်း အားဖြင့် မှတ်တမ်းတင်လို့ရပါတယ်။

(၁) မြို့တော်ကြီး သာယာလှပဖို့ ၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာထားဖို့၊ နောက်ဆုံး ကိုယ့်မိသားစု အတွက်မှ တောင် မငဲ့ ဘဲ အငယ်အနှောင်းအလျော်အစားဖိုးနဲ့ ယမကာဖိုးအတွက်သာ ရှေ့ တန်းတင်နေသောသက်ဆိုင်ရာ ဌာန ဂေါက်သီးအကြီးအကဲအချို့ အချို့ …..

(၂) မနက်မိုးသောက် စက္ခူ ၂လုံးစတင်ပေါက်သည့်အချိန်ကစလို့ညအိပ်ယာဝင်ချိန်အထိ ယူနီဖေါင်းခပ်စုတ်စုတ် နဲ့ ဘယ်သူ့ဆီက တောင်းစား ဘယ်ဝါနဲ့ ပေါင်းစားရမလဲသာတွေးတောကြံဆ ကြံဖန်နေကြရသည့် အငယ်တန်း
အကျင့်ပျက် နုံချာ စုတ်ပဲ့ သည့် ခရမ်းပြာရောင် ချာတူးလန် ဝန်ထမ်းအချို့ အချို့ အချို…

သူမ ကတော့ဖြင့် မုတ်သုန်နဲ့အတူနှစ်စဉ် သစ္စာမပျက် အဓိဌာန်ဆက်၍သာ တပြုံးပြုံး တဝုန်းဝုန်း စီးဆင်းနေဆဲ

ကျွန်တော် ဂနေ့ အများသူငါ ရုံးပိတ်ရက် မိုးစက်အောက်မှာ သူမရဲ့ အလှကို မှတ်တမ်းတင်မိပါတယ်၊ သူမ ရဲ့ ကျောပေါ်မှာတော့ အတွင်း သုံးဆယ့်ခုနှစ်မင်း၊

အပြင်သုံးဆယ့်ခုနှစ်မင်း၊အရံသုံးဆယ့်ခုနှစ်မင်း တစ်ရာ့နဲ့မှတစ်ပါး
သောမင်းတို့ရဲ့ အထွေထွေ အတွင်းရေးမှူးမလေး တနည်းအားဖြင့်ဆိုရသော် ဘဲဥတို့ရဲ့ အချုပ် မမနှဲ (ဝါ)မိနှဲလေး တောင်မှ လက်မှိုင်ချ ရရှာတဲ့ လောဘ ၊ဒေါသ၊ မောဟ၊ ဗျာပါဒ၊ လက်တစ်ကမ်း မရဏ တို့ နဲ့ “ မထသ “ ယာဉ်
အိုကြီးတွေ လောဘဇောတိုက် ခုတ်မောင်းနေပုံကိုပါ ရင်သပ်ရှုမော မြင်တွေ့ကြရမှာပါ။

ကျွန်တော့် စိတ်ကူးအတွေးထဲမတော့ အဆိုးထဲက အကောင်းတွေချည့် ကြံဖန် စိတ်ကူးယဉ်တတ်တဲ့ အကျင့်က ပါနေပြန်တော့ သူမ ကို ပျက်သုန်းမသွားအောင် ဒီထက် ပိုလှပအောင် တိုင်းပြည် နဲ့ လူမျိုးအတွက်လဲ အကျိုးရှိ အောင် မည်သို့မည်ပုံ ဖန်တီးရမယ် တွေးမိပြန်တော့လဲပဲ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည် အလာကျဲသော မိုး
ရာသီမှာ ခရီးသည်တွေ စိတ်ဝင်စားအောင် တအံ့တသြ လာကြည့်ကြအောင် ဆွဲဆောင်ဖို့အတွက် မဟာတာမွေ မြစ်ကြောင်းကြီးနံဘေး နေရာကောင်းတွေမှာ ရေးဗားဗျူး ဘန်ဂလိုတွေ၊ ယမကာဆိုင်တွေ၊ခန်းဆောင်နီတွေ ဖွင့်ပြီး ၊

မိုးရာသီ တာမွေမြစ်ရိုး တလျှောက်မှာလဲ ဒီထက်ပို သာယာလှပဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းအပေါင်းဝိုင်းကြ ရံကြ အိပ်ထဲလဲစို့စို့ပို့ပို့ ထည့်ကြပါစို့လို့တိုက်တွန်းရင်း .. “ ရင်သပ်ရှုမော တာမွေမြစ်တကြော "
အလှ ပုံဖေါ် ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျ။
by thithtoolwin

ဇွန်လ ၉ ရက်၊ ၂၀၁၃။

Posted From Minn Thaik

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...