ဒီတစ်ကြိမ်မှာတော့ Happy One လို့ သူ့ကိုယ်သူ သမုတ်ခဲ့ပါတယ်။ ဒီလိုသမုတ်ရတဲ့ အကြောင်းရင်းက သူမြတ်နိုးပြီးသားအသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ရမယ့်အရေးက
ပျော်စရာအတိဖြစ်တာကြောင့်လို့ သိရပါတယ်။
မနေ့က ချဲလ်ဆီးနည်းပြအဖြစ် သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ မော်ရင်ဟိုက “အခုချိန်မှာ နာမည်ပြောင်တစ်ခု ရွေးရမယ်
ဆိုရင်တော့ Happy One ဆိုတဲ့ နာမည်ကို ရွေးရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အရမ်းပျော်နေတဲ့အတွက်ပေါ့ဗျာ။ ပြီးခဲ့တဲ့ ၉နှစ်က ချဲလ်ဆီးမှာ ကျွန်တော် ပထမအကြိမ်နည်းပြ လုပ်ခဲ့ပြီး အချိန်တွေ ကုန်ဆုံးသွားပေမယ့် ကျွန်တော့်အတွက်တော့ မနေ့တစ်နေ့ကလိုပါပဲ”လို့ ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် မော်ရင်ဟိုက အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျနဲ့ သူဟာ ဒဿနတစ်ခုတည်းကို မျှဝေသုံးစွဲနေသူတွေဖြစ်တယ်လို့ ဆိုခဲ့ပြီး အတိတ်ကာလမှာ ပြဿနာတွေဖြစ်ခဲ့ဖူးတယ် ဆိုတာကိုလည်း ငြင်းဆန်သွားခဲ့ပါတယ်။ တကယ်လို့ သူ့အနေနဲ့ မန်ယူ၊ မန်စီးတီးနည်းပြရာထူးတွေ ကမ်းလှမ်းခံရမယ်ဆိုရင်လည်း ချဲလ်ဆီးကနေ ထွက်သွားမှာမဟုတ်ဘူးလို့ ကတိပေးခဲ့တဲ့ မော်ရင်ဟိုဟာ ဒီတစ်ကြိမ်မှာတော့ Happy One ဆိုတဲ့ နာမတစ်ခုနဲ့ ပရီးမီးယားလိဂ်ကို ကိုင်လှုပ်ဖို့ကြိုးစားခဲ့ပြန်ပါပြီ။
zaw zaw tun
by yoyarlay










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...