<div style='background-color: none transparent;'></div>

Monday, June 3, 2013

၁၀ စက္ကန့်အတွင်း ခန္ဓာကိုယ် အခြေအနေကို သိရှိစေနိုင်မည့် ပစ္စည်းတစ်မျိုးကို ဖန်တီး



လူနာများ၏ ခန္ဓာကိုယ် အခြေအနေကို ၁၀ စက္ကန့်အတွင်း၌ ဖတ်ရှု အဖြေထုတ်နိုင်မည့် ပစ္စည်းတစ်မျိုးကို ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် နည်းပညာ အဖွဲ့အစည်းတစ်ခုက ဖန်တီးနေကြောင်း သိရသည်။ Scanadu Scout ဟု အမည်ပေးထားသော အဆိုပါ Tricorder သည် ၁၀စက္ကန့် တိုင်းတာလိုက်ရုံဖြင့် နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ သွေးအောက်ဆီဂျင် အဆင့်၊ အသက်ရှူနှုန်း၊ သွေးဖိအား၊ စိတ်ခံစားမှုဖိအား စသည့် အခြေအနေများကို အဖြေထုတ်ပေးနိုင်မည် ဖြစ်သည့် အတွက် လူနာများ၏ ဆေးကုသမှုတွင် များစွာ အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်သကဲ့သို့ သာမန်လူများ အနေဖြင့်လည်း မိမိ၏ ခန္ဓာကိုယ် အခြေအနေများကို အလွယ်တကူ သိရှိနိုင်ရန် စစ်ဆေးနိုင်မည် ဖြစ်သည်။
ယင်းပစ္စည်းနှင့် စမတ်ဖုန်းများကို Bluetooth ဆက်သွယ်မှုဖြင့် ချိတ်ဆက်ကာ လျင်မြန်စွာ ဖုန်းဖြင့် အဖြေကြည့်နိုင်မည်လည်း ဖြစ်သည်။ ယခင် စစ်ဆေးခဲ့သည့် အခြေအနေများကိုလည်း ပြန်လည် ကြည့်ရှုနိုင်စေရန် သိမ်းဆည်းထားပေးသည့် အတွက် ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှုများကို နှိုင်းယှဉ် ကြည့်ရှုနိုင်မည်လည်း ဖြစ်သည်။ ၎င်းပစ္စည်းနှင့် တွဲဖက် အသုံးပြုရမည့် Application သည် Android နှင့် iOS စက်လည်ပတ်မှုများကို ထောက်ပံ့ ပေးနိုင်မည် ဖြစ်သည်။ Bluetooth 4.0 နှင့် အသုံးပြုရမည်လည်း ဖြစ်သည်။

by swesonemedia

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...