<div style='background-color: none transparent;'></div>

Monday, June 3, 2013

ဘီယာကိုအေးပြီးအမြုပ်ထစေသည့် ကိရိယာ



အမြဲ အေးခဲနေပြီး အမြှုပ်ထနေသည့် ဘီယာကိုမှ သောက်ချင်ကြသူများ အတွက် ယင်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးမည့် Chillsner ကိရိယာကို အော်လန်ဒို အခြေစိုက် Corkcicle ကုမ္ပဏီက စတင် တီထွင်လိုက်ပြီ ဖြစ်သည်။ သာမန်အားဖြင့် ဘီယာဘူးများကို ဖွင့်ဖောက်လိုက်သည့် တစ်ခဏတွင်သာ ဘီယာသည် အမြုပ်ထပြီး အေးခဲနေလေ့ ရှိသည်။ သို့သော်လည်း ဘီယာပုလင်းထဲတွင် Chillsner ကိရိယာကို ထည့်သွင်းထားမည် ဆိုလျှင် ပုလင်းထဲတွင် ဘီယာတစ်စက်မျှပင် ကျန်သည် အထိ အေးခဲသည့် အရသာကို ခံစားရမည်ဖြစ်သည်။
ကိုးလက်မမျှသာ အရှည်ရှိသည့် ဘီယာအေးခဲစေသော ကိရိယာထဲတွင် အအေးဓာတ်ကို ရေရှည် ထိန်းထားနိုင်သည့် အလူမီနီယမ်တုံးလေး များစွာကို ထည့်သွင်း ထားသောကြောင့် ဘီယာကို တာရှည်အေးခဲစေရန် ထိန်းသိမ်းထားနိုင်ခြင်းပင် ဖြစ်သည်။ ကန်ဒေါ်လာ၃၀ (စတာလင် ပေါင် ၂၀)ခန့် ကျသင့်မည့် အဆိုပါ ကိရိယာကို ရှေ့လထဲတွင် ဈေးကွက်သို့ စတင် ဖြန့်ချိသွားမည် ဟု သိရသည်။

by swesonemedia

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...