လူသတ်မှုတွင် ပါဝင်သူများအား ရဲတပ်ဖွဲ့ဝင်များက တရားရုံးသို့ ခေါ်ဆောင်လာသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်း
အတွင်းရှိ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၏ ဆေးစစ်ချက်ကို
မှုခင်းဆရာဝန်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ဇွန် ၁၂ ရက် ရုံးချိန်း၌
ထွက်ဆိုခဲ့သည်။
အဆိုပါ ထွက်ဆိုချက်တွင် မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံမှ လက်ထောက်
မှုခင်းဆရာဝန် ဒေါက်တာရဲထွန်းလင်းက သေဆုံးပြီး ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ
ကိုကျော်မင်းတွင် ဓားဒဏ်ရာများ အပါအ၀င် စုစုပေါင်း ဒဏ်ရာ ၁၄ ချက်ရရှိပြီး
ယာရင်အုံမှ ယာခါးအထိ တိုးလျိုပေါက် ထိုးသွင်းဒဏ်ရာ တစ်ချက်လည်း
ပါရှိကြောင်း ထွက်ဆိုခဲ့သည်။
ဝမ်းခေါင်းနှင့် ရင်ခေါင်းအတွင်း သွေးသွန်ခြင်းကြောင့် သွေးထွက်လွန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ရာမှာ သေစေလောက်သော ဒဏ်ရာဖြစ်ပြီး အင်အားအပြင်းအထန် သုံးမှသာ ရရှိနိုင်သော ဒဏ်ရာဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့သည် |
ထိုသို့ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ကိုကျော်မင်းသည် ဆေးရုံသို့ ရောက်ရှိပြီး နာရီဝက်ခန့် အကြာတွင် သေဆုံးခဲ့ကြောင်း မှုခင်းဆရာဝန်၏ ထွက်ဆိုချက်အရ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်၊ ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်း အတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူ နှစ်ဦးတို့ ရှိနေစဉ် ''မင်းက ကျော်မင်းလား'' ဟု မေးကာ လူငါးဦးမှ ဓားများဖြင့် ၀ိုင်းခုတ်ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ အပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံ ခုတ်သတ်ခဲ့ကြောင်း ရဲမှုခင်း စစ်ချက်များအရ သိရသည်။
ယင်းအမှုကို မြောက်ဥက္ကလာပ ရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကာ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ၂၃ ဦးကို ၂၀၁၁ ဒီဇင်ဘာလ အတွင်းက ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် တရားလိုပြ သက်သေများအား စတင်စစ်ဆေးခဲ့သည်။
by weeklyeleven










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...