ဖျက်ဆီးခံထားရသော နေအိမ်အချို့အား ဇွန် ၁၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ -မျိုးမင်းထက်)
နှစ် ၂၀ ကျော်ကြာ ငှားရမ်းထားသော တပ်ပိုင်မြေပေါ်ရှိ လူနေအိမ်အလုံး ၂၀၀
ကျော်မှာ ပြောင်းရွှေ့ပေးရန် သတိပေးမှုကို လိုက်နာခြင်းမရှိ၍ သက်ဆိုင်ရာတပ်မှ
အင်အားသုံး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ
မိကျောင်းကန်အပိုင်း(၁)၊ (၂)တွင် ရှိသော နေအိမ် ၂၀၀ ကျော်အား ဇွန် ၁၃ ရက်
နံနက် ၆ နာရီခန့်မှစ၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်မြို့တော်
စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးဝင်းက အင်အားသုံး၍
ဖျက်ဆီးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း ငှားရမ်းနေထိုင်သူများထံမှ သိရသည်။
အဆိုပါ မိကျောင်းကန်အပိုင်း(၁)၊ (၂) နှင့် (၃) ရပ်ကွက်အတွင်းရှိ
တပ်မတော်ပိုင်မြေတွင် ၁၉၉၂ ခုနှစ်က တပ်မတော်မှ မိသားစု သက်သာရေး
လုပ်ငန်းအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို
မြေငှားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သော မြေနေရာပေါ်တွင်
လက်ရှိအချိန်အထိ အိမ်ထောင်စုပေါင်း ၂၁၂ စုရှိပြီး မိသားစုဝင်ပေါင်း ၇၄၀
ကျော်ရှိကြောင်း၊ ၂၀၁၂ ခု နှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး အထက်ပါ
နေထိုင်သူများအား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ်ကြီး/စာရေး
မောင်မောင်သွင်က သတိပေး အကြောင်းကြားခဲ့ကြောင်း နေထိုင်သူများ၏
ပြောကြားချက်အရ သိရသည်။ အဆိုပါ နေရာတွင် အငြင်းပွားမှု မရှိစေရန်
ရဲတပ်ဖွဲ့မှ အင်အား ၂၀၀ ကျော်ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး မြင့်အေးထံမှ
သိရသည်။
by weeklyeleven
Friday, June 14, 2013
သင်္ဃန်းကျွန်းမြို့နယ်ရှိ တပ်ပိုင်မြေပေါ်မှ နေအိမ်အလုံး၂၀၀ ကျော် သတိပေးမှု မလိုက်နာ၍ ဖျက်ဆီးခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...