ညောင်ဦးမြို့တွင် ဇွန် ၃ ရက်နေ့ ညနေပိုင်းက ညောင်ဦးမြို့မှ ရန်ကုန်မြို့ သို့ ထွက်ခွာခါနီးလေယာဉ်ခရီးစဉ် တစ်ခု
လေမိုးရုတ်တရက်ကျရောက် လာမှုကြောင့် ခရီးသည်များလေယာဉ် ပေါ်မှလေဆိပ်အဆောက်အအုံအတွင်း ပြန်လည်ပို့ဆောင်ကာ နာရီဝက်ကျော် စောင့်ဆိုင်းခဲ့ရကြောင်းသတင်းရရှိပါ သည်။
''မိနစ်ပိုင်းလေး နောက်ကျသွား တယ်။လေမိုးက ရုတ်တရက်ကျလာ တော့ နာရီဝက်ကျော်ကျော်လောက် ခရီးသည်တွေစောင့်လိုက်ကြရတယ်။'' ဟု လေဆိပ်ဝန်ထမ်းတစ်ဦးပြောသည်။
ပြည်တွင်း၊ပြည်ပခရီးသည် ၆ဝ ကျော်ပါရှိသော အေရှားဝင်း လေကြောင်းလိုင်း ခရီးစဉ်အမှတ် JH၇၆၂ သည်မန္တလေး၊တံတားဦး လေဆိပ် မှ ညောင်ဦးလေဆိပ်သို့ ညနေ၄း၅ဝ နာရီအချိန်ဆိုက်ရောက်ခဲ့ ပြီး၊ခရီးသည်များ တင်ဆောင်၍ ရန်ကုန် သို့ ဆက်လက် ထွက်ခွာရန် ပြေးလမ်းပေါ်အရောက် တွင် မိုးလေ ရုတ်တရက်ပြင်းထန်လာ မှုကြောင့် ခရီးသည်များလေဆိပ် အဆောက် အအုံအတွင်း ပြန်လည်ပို့ ဆောင်ကာ စောင့်ဆိုင်းခဲ့ရကြောင်းသိရ သည်။အဆိုပါ လေယာဉ်သည်နာရီဝက်ကျော် စောင့်ဆိုင်းပြီး မိုးလေကင်းစင်ချိန် ညနေ ၆း၃ဝ နာရီဝန်းကျင်အချိန်ခန့်တွင်ရန်ကုန်လေဆိပ်သို့ဆက်လက်ပျံသန်း ထွက်ခွာသွားကြောင်းသိရသည်။
ပုဂံသစ္စာ

by popular journal

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...