တက္ကသိုလ်တွင်သင်ကြားမည့် အထူးပြုဘာသာရပ်ကို ဒသမတန်းအောင်မြင်သည့်
အမှတ်အရေအတွက်ဖြင့် မဆုံးဖြတ်ရန် နိုင်ငံအနှံ့အပြား၌ ပြုလုပ်ခဲ့သည့်
ပညာရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံလုံးဆိုင်ရာ
ပညာရေးပြုပြင်ပြောင်းလဲရေး ကွန်ရက်၏ကိုယ်စား ဒေါက်တာသိန်းလွင် က ပြောသည်။
နိုင်ငံလုံးဆိုင်ရာ
ပညာရေးပြုပြင်ပြောင်းလဲရေး ညီလာခံကျင်းပရေး အကြိုရှင်းလင်းသည့်
ရန်ကုန်မြို့တွင် ဇွန် ၃ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူက ပြော
ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရန် ရည်ရွယ်ကာ
ပညာရေးနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေသူများ စုပေါင်းဖွဲ့စည်းထားသည့်
၎င်းတို့၏ ကွန်ရက်သည် နိုင်ငံအနှံ့အပြား၌ ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ရာ
တက္ကသိုလ်အထူးပြုဘာသာကို အမှတ်ဖြင့် မဖြတ်ရေး
သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းလွင် က ရှင်းပြသည်။
''မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒတွေရရင် ရေးဆွဲပြီးတော့ ပြည်သူ့လွှတ်တော်ကို တင်ပြမယ်'' ဟုလည်း သူက ဆိုသည်။
တက္ကသိုလ်ဘာသာရွေးချယ်ခွင့်နှင့်
ပတ်သက်၍ ဒဂုံတက္ကသိုလ် ဒဿနိကဗေဒ တတိယနှစ် ကျောင်းသား တစ်ဦးက
''အမှတ်ပေးစည်းမျဉ်းနဲ့ မဟုတ်ဘဲ လွတ်လပ်စွာရွေးချယ်တာ မကောင်း ဘူးလို့
ထင်တာပဲ။ သူတို့ အမှတ်က တစ်ဘာသာ ၄ဝ ကျော်ရပြီးတော့မှ
ဆေးကျောင်းတက်ချင်လို့ရပါ့မလား'' ဟု ဝေဖန်သည်။
ဒေသအသီးသီး၌
ပညာရေးဆိုင်ရာ ဆွေးနွေးပွဲများဆောင်ရွက်စဉ် ပညာရေးလွတ်လပ်ခွင့်နှင့်
တက္ကသိုလ်များတွင် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တို့လည်း ရှိသင့်သည်ဟု
သဘောတူညီမှုရရှိခဲ့သည်ဟု ဒေါက်တာသိန်းလွင် က ပြောသည်။
မြန်မာ့ပညာရေးစနစ်
ပြုပြင်ပြောင်းလဲရေးအတွက် ကျင်းပမည့် ညီလာခံကို ဇွန် ၈ ရက်နင့် ၉
ရက်တို့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မျက်မမြင်ကျောင်းတွင်
ပြုလုပ်မည်ဖြစ်ပြီး ဒေသအသီးသီးသို့ သွားရောက်ဆွေးနွေးခဲ့သော
ပညာရှင်များပါဝင်မည်ဟု
ဒေါက်တာသိန်းလွင်က ဆိုသည်။
by mizzima
Tuesday, June 4, 2013
တက္ကသိုလ်ဘာသာရပ်ကို ဆယ်တန်းအမှတ်ဖြင့် မဆုံးဖြတ်ရန် တစ်နိုင်ငံလုံးက သဘောတူသည်ဟုဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...