တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု ထုံးဘိုကျေးရွာ သောက်ရေ
ခပ်ချောင်း အမှတ်(၂) ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်စဉ် မလွတ်ကင်း၍
ဖယ်ရှားပေးခဲ့ရသော နေအိမ် ၉၀ ကျော်ကို စီမံကိန်းတည်ဆောက်ခွင့်ရ ရွှေစွမ်းအင်
ကုမ္ပဏီက နစ်နာကြေးကျပ်သိန်း ၂၇၉၀ ကျော် လျော်ကြေးပေးကြောင်း နစ်နာကြေးရ အိမ်ထောင်စုများက ပြောကြားသည်။
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် စတင်တည်
ဆောက်ခဲ့စဉ် မလွတ်ကင်းသည့် ထုံးဘို ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၉၃ စု
ရွှေ့ပြောင်းခဲ့ရသောသူများကို ကုမ္ပဏီက ဇွန်လ ၁၀ ရက်နေ့တွင်
တစ်အိမ်ထောင်လျှင် ငွေကျပ်သိန်း ၃၀ နစ်နာကြေး စုစုပေါင်းကျပ် သိန်း ၂၇၉၀
ကို ပေးအပ်ခဲ့ကြောင်း နစ်နာကြေး ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သူ
တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးဝင်းထွန်း
က ပြောကြားသည်။
တည်ဆောက်ခွင့်ရ ကုမ္ပဏီက ရေအားလျှပ်စစ် စီမံကိန်း
တည်ဆောက်မှုကြောင့် ရေနစ်မြုပ်ဧရိယာတွင် ပါဝင်ခဲ့သော ဥယျာဉ်ခြံမြေများနှင့်
ရေမြုပ်ဧရိယာ အတွင်းရှိ ဆုံးရှုံးနစ်နာသူ များကိုလည်း ကျပ်သိန်း ၁၇၀၀ ကျော်
ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ရေမြုပ်သည့် အိမ်ထောင်စုများကို နစ်နာကြေး
ထပ်မံပေးအပ်မည် ဖြစ်ကြောင်း ရွှေစွမ်းအင်ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ
ဦးဝမ်းမောင်က ပြောကြားသည်။
နစ်နာကြေး ရရှိစေရေးအတွက်
ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၂ မှ စီမံကိန်းတည်ဆောက်သည့် ရွှေစွမ်းအင်
ကုမ္ပဏီနှင့် သဘောတူညှိနှိုင်းချက် အရ နစ်နာကြေးရရှိခဲ့ခြင်း ဖြစ်ပြီး
ရရှိသည့် နစ်နာကြေးကို သဘောတူကျေနပ်ကြောင်း တောင်ငူမြို့နယ်
နဂါးမောက်ကျေးရွာမှ နေအိမ်တစ်လုံး နစ်နာဆုံးရှုံးခဲ့သူ ကရင်အမျိုးသားတစ်ဦးက
ပြောကြားသည်။
by the voice weekly
Friday, June 14, 2013
သောက်ရေခပ် စီမံကိန်းတွင် နစ်နာသူများကို သိန်း ၂၇၉၀ လျော်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...