<div style='background-color: none transparent;'></div>

Friday, June 14, 2013

မွေးလာထဲက ၀မ်းဗိုက်သား အရေပြားမပါလာသော ကလေးငယ်

၂၇-၅-၂၀၁၃ နေ့တွင်မိခင် ဒေါ်ဥမ္မာခင် မှ သူ၏သားလေး မွေးလာထဲက ၀မ်းဗိုက်သား အရေပြားမပါသော ကြောင့် မယ်ဆိုင်ဆေးရုံ သို့လာပြ ရခြင်းဖြစ်ကြောင်း မယ်ဆိုင်ဆေးရုံမှ ချင်းဟိုင်းဆေးရုံသို့ ပို့ပေးကုသ ခဲ့ရာတွင် ကလေးမှာ I C U အခန်းထဲမှာ ထားရသောကြောင့်

မိခင်ဖြစ်သူကို တစ်ရက်တစ်ကြိမ်လောက် လာကြည့်ရင်ရပြီ ဟုပြောကာ ပြန်ခိုင်း လိုက်ပါသည်၊ ထို့နောက်လုံးဝရောက် မလာတော့ကြောင်းပြောပြပါသည်၊

ထိုအချိန်တွင်မယ်ဆိုင်ဆေးရုံဝန်ထမ်းများမှ ဖခင်အမည်ကိုမမေး လိုက်မိကြောင်း ဒေါ်ဥမ္မာခင် ၏ ဖခင်မှာ ဦးထွန်းစိန် ဖြစ်ပြီးမိခင် မှာ ဒေါ်သိန်းဝင်း ဖြစ်ကြောင်နှင့်မိုင်းဆတ်မြို့တွင်နေထိုင်ကြောင်း ထိုမျှသာ သိရပါသည်၊

ကျွန်တော်လဲ မိုင်းဆတ်မြို့သို့လက်လှမ်းမှီသလောက်မေးမြန်း စုံစမ်းကြည့်ပါသည် လုံးဝမရှိကြောင်း အကြောင်းပြန်လာပါသည်
၁၅-၆-၂၀၁၃ နေ့တွင် ကျွန်တော်နှင့် Mizzima အသင်းသားများ မိုင်းဆတ်သို့ သွားရောက်စုံစမ်းပါအုံးမည် ဒေါ်ဥမ္မာခင်သည် ကလေးကိုမွေးပြီး ပြီးခြင်း ဆေးရုံသို့ သွားပြသေးသည်ဟုသိရပါသည်၊

ထိုဆေးရုံမှာ မိုင်းဆတ်ဆေးရုံလား၊ တာချီလိတ်ဆေးရုံလား တခြားဆေးရုံများလားကိုတော့ မစုံစမ်းရသေးပါ ( ကလေးမှာ မယ်ဆိုင်ဆေး ရုံမှ ချင်းဟိုင်းဆေးရုံသို့ ပို့ဆောင်ကုသရာတွင် ကုသမှုအောင်မြင် ခဲ့ပါသည် ချင်းဟိုင်းဆေးရုံမှ ဆရာဝန်များကလဲ ဆေးဖိုးလုံးဝမ ယူကြောင်းပြောပြ ပါသည် ။

ကလေးမှာ မယ်ဆိုင်ဆေးရုံတွင် ကျန်းမာစွာတွေ့မြင်ခဲ့ ရပါသည်၊ ဆေးရုံရောက်လာချိန် ကလေးရဲ့ပုံကို ဓါတ်ပုံရိုက်ထားသော
ဆေးရုံအုပ် ဆရာဝန်မကြီးမှ ကျွန်တော်၏ Email ထဲသို့ပို့ပေးမည်။

ဒါပေမဲ့လူ့အခွင့်အရေးအရ ထိုပုံအား Online မတင်ရဟု ကတိတောင်းပြီးမှ ပို့လာပါတယ် လုံးဝစိတ်မကောင်းစရာပုံလေးပါ။

ယခုမြင်တွေ့ရသောပုံ နှင့်တခြားစီပါ ဘေးမှာအူတွေအခွေလိုက်ပုံလို့ပါလုံးဝစိတ်မကောင်း စရာလေးပါဗျာ။

ကုသပေးသောဆရာဝန်များကိုလည်းလေးစားမိပါတယ်။ ကျေးဇူးလဲအထူး
တင်ပါတယ် ၊ နောက်ဆုံး မိဘတွေ မတွေ့ရင် ဒီကလေးကိုဘယ်လို လုပ်မလဲဟု မေးလာပါတယ် ကျွန်တော်လည်း တပါတ်အတွင်း လာခေါ်မည်ဟု မျိုးချစ်စိတ်ဓာတ်အပြည့်နှင့် ရဲဝံ့စွာကတိပေး ပြော ဆိုလိုက်ပါတယ်။

ကျွန်တော်တို့နှင့်အတူ ၀ိုင်းဝန်းကူညီစုံစမ်းပေးကြပါအုံးဗျာ။

မိဘပြည်သူ ညီအကိုမောင်နှမ အားလုံကို ဦးထိပ်ပန်ဆင်လျှက်
U T S - Mizzima



by Mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...