<div style='background-color: none transparent;'></div>

Friday, June 14, 2013

"မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှကြေညာချက်တစ်ခုထုတ်ပြန်"

ပူထရာဂျာယာ၊ ဇွန် ၁၄

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် အဖွဲ့ ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှကြေညာချက်တစ်ခုကို ယနေ့ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်ဝယ် အောက်ပါအချက်များပါရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် မြန်မာနိုင်ငံအလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းတို့သည် လိုအပ်သည့်ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရန်အတွက် မလေးရှားနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ၁၄ ရက်နေ့အထိ ရောက်ရှိခဲ့ကြသည်။

ထိုသို့ရောက်ရှိစဉ် ဇွန်(၁၃)ရက်တွင် မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြသည်။

ထို့အပြင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်လည်းတွေ့ဆုံခဲ့သည်။

ဦးဇင်ယော်နှင့်အဖွဲ့သည် မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသော မြန်မာလုပ်သားများနှင့်ပတ်သက်၍ လက်ရှိဖြစ်ပွားနေသောအခြေအနေများကိုဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဖြစ်ပွားခဲ့သောအရေးကိစ္စများ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ခြင်းအပေါ် ကြေနပ်အားရမှုရှိကြောင်းနှင့် မလေးရှားနိုင်ငံအစိုးရအားလည်း အထူးကျေးဇူးတင်ရှိကြောင်း ဦးဇင်ယော်က ပြောကြားခဲ့သည်။


by popular journal

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...