ထိုင်းနိုင်ငံသား ခရီးသွား ငါးဦးကို ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် 'ဝ'
တိုင်းရင်းသားများက တစ်လ နီးပါးကြာ ပြန်ပေးဆွဲခဲ့ကြောင်း ဘန်ကောက်ပို့စ်
သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာ-ထိုင်း နယ်စပ်အနီး တာချီလိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံသား ခရီးသွား ငါးဦးကို မေလ ၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြန်ပေးဆွဲခဲ့ပြီး ထိုင်းဘတ် ခြောက်ဘီလီယံ တောင်းဆိုခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။
တာချီလိတ် မြို့ခံများကမူ ယင်းသတင်းကို မကြားမိဘဲ မြို့အနေအထား
မကျယ်ပြန့်သည့်အတွက် တစ်စုံတစ်ခု ဖြစ်ပါက သိနိုင်မည် သာဖြစ်ကြောင်း
ပြောဆိုသည်။
တာချီလိတ် ဒေသတွင် ကမ္ဘာလှည့် ခရီးသွားရဲ (Tourism
Police) တပ်ဖွဲ့ ထားရှိနိုင်ခြင်း မရှိသေးဘဲ အဆိုပါ သတင်းကိုလည်း မကြား
မိကြောင်း ညောင်ရွှေမြို့ရှိ Tourism Police ဌာနမှ အရာရှိ တစ်ဦးက
ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံ ဆက်သွယ် စုံစမ်းသော်လည်း
၎င်းတို့ကိုယ်တိုင် အတည်ပြုရန် ကြိုးစားနေဆဲဖြစ်ကြောင်း နေပြည်တော်ရှိ အဆိုပါ
ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ဖြေကြားသည်။
အဆိုပါ
ထိုင်းခရီးသွားများသည် တာချီလိတ်မြို့ရှိ ၎င်းတို့ တည်းခိုရာ ဟိုတယ် တွင်
နေထိုင်စဉ် ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင်
ထိုင်းနိုင်ငံ ချင်းရိုင်ဒေသရှိ မဲဖလောင်းခရိုင် ဟွာမဲဖန်းရွာသို့
ပြန်လည်ရောက်ရှိ လာကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
by the voice journal
Friday, June 14, 2013
ထိုင်းခရီးသွားများ တာချီလိတ်တွင် တစ်လနီးပါး ပြန်ပေးဆွဲခံရဟုဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...