အကြမ်းဖက်မှု ဂယက်ကြောင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၃၀၇ ဦးကို
နှစ်ပတ်အတွင်း ရုံးတင် စစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုမရှိသူများ သည်
မြန်မာနိုင်ငံသို့ ပြန်ခွင့်ရမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။
ပြစ်မှု ကျူးလွန်ထားသူများကို ဥပဒေကြောင်းအရ လုပ်ဆောင်မည်ဖြစ်ပြီး အလုပ်
ဆက်လုပ်လိုသူများကို သီးခြား စဉ်းစားပေးသွားမည်ဟု မလေးရှား
အစိုးရကဆိုကြောင်း ဦးဇင်ယော်က ပြန်လည် ပြောဆိုသည်။
မြန်မာလုပ်သားများကို အကာအကွယ်ပေးရေးအပြင် မလေးရှားနိုင်ငံတွင်
ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများကိစ္စ၊ မြန်မာနိုင်ငံသို့ ပြန်လာလို
သည့် အလုပ်သမားများ မြန်မြန်ဆန်ဆန် ပြန်ခွင့်ရရေးတို့ကို မလေးရှားနိုင်ငံ
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် တွေ့ဆုံစဉ် ယင်းသို့
ဆွေးနွေးခဲ့ကြောင်း ဦးဇင်ယော်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သို့
ပြန်လည် ဖြေကြားထားသည်။
မလေးရှားနိုင်ငံတွင် နေထိုင်ကာ
ဆက်လက်အလုပ်လုပ်ကိုင် မည့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန်
မလေးရှားနိုင်ငံ အစိုးရကို ဇွန်လ ၁၃ နေ့တွင် တောင်းဆိုခဲ့ကြောင်း
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်က
ပြောကြားသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ
အကြမ်းဖက်ခံရမှုများ ကို ဖြေရှင်းပေးရန်၊ အကာအကွယ်ပေးရန် နိုင်ငံတော်သမ္မတက
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့ ဦးဆောင်သည့် အထူး
ကိုယ်စားလှယ်အဖွဲ့ကို ဇွန်လ ၁၁ ရက်နေ့ တွင် မလေးရှားနိုင်ငံသို့
စေလွှတ်ခဲ့သည်။
အကြမ်းဖက်မှု ဂယက်များကြောင့် မလေးရှားရောက်
မြန်မာနိုင်ငံသားများ ယခု ရက်ပိုင်းအတွင်းက စတင်ကာ မြန်မာနိုင်ငံသို့
ပြန်လာနေကြပြီဖြစ်သည်။
မလေးရှားနိုင်ငံတွင် မေလ ၂၉ ရက်နေ့မှ
စတင်ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် အကြမ်းဖက်ခံရမှုများကြောင့်
မြန်မာနိုင်ငံသား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦး ခန့် ဒဏ်ရာ
ရရှိခဲ့သည်။
by the voice weekly
Friday, June 14, 2013
မလေးရှားရောက် ဖမ်းဆီးခံ မြန်မာများကို နှစ်ပတ်အတွင်း ရုံးတင်မည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...