ဆွန်ဂိုင်းဘလိုဆေးရုံတွင် တက်ရောက်ကုသနေရသော စောအယ်လ်ရှီး
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ မြို့နယ်အချို့တွင် အကြမ်းဖက်
တိုက်ခိုက်ခံခဲ့ရပြီးနောက် ဆေးရုံသို့ ရောက်ရှိကာ ဆေးကုသမှု ခံယူနေရသော
မြန်မာလုပ်သား အများစု ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းစာ၏ အကြီးတန်း
သတင်းထောက်က သတင်းပေးပို့သည်။
မေ ၃၀ ရက်မှ ဇွန်ပထမပတ်အတွင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်
တိုက်ခိုက်မှုများတွင် မြန်မာအလုပ်သမား ခုနစ်ဦးခန့် သေဆုံးခဲ့ပြီး ၁၀
ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများစုမှာ
ဆလာရန်းဈေးဟောင်းနှင့် ဈေးသစ်အနီး ၀န်းကျင်များတွင် တိုက်ခိုက်ခံ
ခဲ့ရသူများ ဖြစ်ကြသည်။
သေဆုံးသူ ခုနစ်ဦးမှာ ကိုမင်းဇော်၊ ကိုဝင်းခိုင်၊ ကိုဝင်းလှိုင်၊
စောဘဗလူဂေ၊ ကိုတင်လှိုင်နှင့် အမည်မသိ မြန်မာအမျိုးသား
နှစ်ဦးတို့ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များနှင့် မလေးရှားရှိ
လူမှုကူညီရေး အဖွဲ့များ၊ မလေးရှား သတင်းစာများ၏ ထုတ်ပြန်ချက်များအရ
သိရှိရသည်။
ဒဏ်ရာရရှိပြီး ဆေးရုံတက်ခဲ့ရသူများ အနက် ကိုမင်းဇော်ဦး၊
ကိုတင်မောင်ဝင်း၊ ကိုထွန်းမော်သိန်း၊ ကိုကိုမောင်၊ စောစေးအယ်နှင့်
ကိုအောင်ဝင်းတို့မှာ ဆေးရုံမှ ပြန်ဆင်းခွင့်ရခဲ့ပြီး စောအယ်ရှီးနှင့်
ကိုအောင်မျိုးဦးတို့ နှစ်ဦးမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။ ဆေးကုသမှု
ခံနေရသူ နှစ်ဦးအနက် ဆွမ်ဂိုင်းဘလ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရဆဲ
ဖြစ်သော စောအယ်ရှီး၏ အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပြီး အသက်ရှင်ရန်
အခွင့်အလမ်း ရာခိုင်နှုန်း ၅၀ သာ ရှိကြောင်း သိရသည်။ စောအယ်ရှီးသည် ဇွန် ၁
ရက် ညနေပိုင်းက ညီဖြစ်သူ စောဘဗလူဂေ၊ ဦးလေးဖြစ်သူ စောစေးအယ်တို့နှင့်
ဆလာရန်းဈေးသစ်သို့ ဈေးလာဝယ်စဉ်အတွင်း လူအုပ်စုဖြင့် အကြမ်းဖက်
တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကာ စောဘဗလူဂေမှာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ဆေးရုံမှ ဆင်းသွားသူများသည် ဒဏ်ရာများ လုံးဝသက်သာ၍ ဆင်းသွားရခြင်း မဟုတ်ဘဲ
မလေးရှားဆေးရုံများ၏ လုပ်ထုံးလုပ်နည်းအရ ဒဏ်ရာသက်သာချိန်တွင်
ဆင်းစေခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်ဆေးရုံက မဆင်းချင်သေးဘူး။ ဒါပေမဲ့ ဆင်းခဲ့ရတယ်'' ဟု ဇွန် ၁၁ ရက်က ဆေးရုံမှ ဆင်းခဲ့သူ ကိုကိုမောင်က ပြောကြားသည်။
''ကျွန်မတို့ဆီကို လူနာတွေက အများကြီး လာနေတယ်။ သူတို့တွေအတွက်
နေရာလိုအပ်တယ်။ အဲဒါကြောင့် သက်သာတာနဲ့ စိုးရိမ်စရာ မလိုတော့ဘူးဆိုရင်
ဆင်းခိုင်းလိုက်တယ်'' ဟု ဆလာရန်းဆေးရုံမှ တာဝန်ကျ သူနာပြုတစ်ဦးက
ပြောကြားသည်။
Saturday, June 15, 2013
မလေးရှားနိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒဏ်ရာရရှိပြီး ဆေးရုံတက်ရသူ မြန်မာအလုပ်သမား အများစု ဆေးရုံမှပြန်ဆင်း
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...