<div style='background-color: none transparent;'></div>

Friday, June 14, 2013

မလေးရှားအစိုးရက လူသတ်တရားခံများကို ဖော်ထုတ်ခြင်း မရှိသေးဘဲ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရန် သတိပေး

6.13.19
ဆလာရန်းဈေးဟောင်း၊ ဈေးသစ် အနီးတစ်ဝိုက်အား ဇွန် ၁၃ ရက်က တွေ့ရစဉ်
မလေးရှားနိုင်ငံတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို သတ်ဖြတ်သည့် တရားခံများအား လိုက်လံ ဖမ်းဆီးခြင်း မပြုဘဲ မလေးရှားအစိုးရက ပဋိပက္ခများ ထပ်မံ မပြုလုပ်ရန် မြန်မာနိုင်ငံသားများအား ကြာသပတေးနေ့က သတိပေး ပြောကြားခဲ့သည်။
ထို့အပြင် တရားဝင် ထုတ်ပြန်ချက်များအရ လူလေးဦးထက်မနည်း သေဆုံးခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားပြီး မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံမြို့တော်၊ ကွာလာလမ်ပူ အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှု ပဋိပက္ခများကြောင့် စိုးရိမ်မှုများ ရှိနေကြသည်။ သို့သော်လည်း ကွာလာလမ်ပူရှိ လက်ကားဈေးတစ်ခုတွင် မေလနှောင်းပိုင်းက စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံစလုံးက အခိုင်အမာ ပြောကြားခဲ့ကြောင်း သိရသည်။6.13.20
ဆလာရန်းဈေးဟောင်း၊ ဈေးသစ် အနီးတစ်ဝိုက်အား ဇွန် ၁၃ ရက်က တွေ့ရစဉ်
မလေးရှား အာဏာပိုင်များက အဆိုပါ ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအတွက် ကလဲ့စားချေရန် ကြိုးပမ်းခဲ့သော မွတ်စလင်များက မြန်မာဗုဒ္ဓဘာသာဝင်များအား တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော်တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။


ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော်တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့...


မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်ကလည်း မြန်မာနိုင်ငံတွင် ယခင်နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် ဘာသာရေး လက်စားချေမှု အကြောင်းပြကာ ကွာလာလမ်ပူရှိ ဒုစရိုက်အဖွဲ့များက အခွင့်ကောင်းယူ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ ဘာသာရေးနှင့် မဆက်နွှယ်ကြောင်း၊ အဆိုပါ ပဋိပက္ခများတွင် ဒေသခံ မလေးရှား နိုင်ငံသားများ မပါဝင်ကြောင်း ပြောကြားခဲ့သည်။
''ရဲနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့က ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်ခဲ့ပါတယ်။ မလေးရှား အစိုးရကနေ အခုလို ပူးပေါင်း ဆောင်ရွက်ပေးတဲ့ အတွက်လည်း ၀မ်းသာပါတယ်'' ဟု ဦးဇင်ယော်က ပြောကြားသည်။
မလေးရှားတွင် မြန်မာနိုင်ငံသား ၁၅၇၀၀၀ အလုပ်လုပ်ကိုင်နေပြီး ၎င်းတို့အနက် ၁၄၄၀၀၀ သည် တရားမ၀င် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း မလေးရှား ဒုတိယပြည်ထဲရေး ၀န်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက ပြောသည်။
6.13.21
ပူထရာဂျာရှိ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသို့ လာရောက်ပြီး မြန်မာနိုင်ငံပြန်ခွင့် လျောက်ထားသူ အချို့ကို ဇွန် ၁၃ ရက်က တွေ့ရစဉ်
ထို့အပြင် မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် စာရင်းပေး နေထိုင်နေသူ မြန်မာနိုင်ငံသား ၉၅၀၀၀ ရှိကြောင်း ကုလသမဂ္ဂ စာရင်းပြုစုချက်များအရ သိရသည်။ ၎င်းတို့အနက် ၂၈၀၀၀ သည် ဘင်္ဂါလီများ ဖြစ်ကြသည်။
မလေးရှားရဲဌာနက လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးခြင်းမရှိဘဲ လုံခြုံရေး ထိပါးသည်ဟု အကြောင်းပြကာ တရားမ၀င် နေထိုင်သူ မြန်မာနိုင်ငံသား ၄၄၀၀ အား ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ကို နေရပ် ပြန်ပို့ရန် မြန်မာအာဏာပိုင်များ အထူးသဖြင့် သံရုံးတာဝန်ရှိသူများကို ဖိတ်ကြားထားကြောင်း ၀င်ဂျုနိုင်ဒီက ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် မိမိ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့်အပြင် မလေးရှားရဲများ၏ ဖမ်းဆီးမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေကြရသည်။

by weeklyeleven
6.13.22

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...