<div style='background-color: none transparent;'></div>

Friday, June 14, 2013

"ရော်နယ်ဒိုနှင့် တွဲကစားလိုသည်ဟု လီဗာပူး တိုက်စစ်မှူး ဆွာရက်ဝန်ခံ"

လီဗာပူးတိုက်စစ်မှူး လူးဝစ်ဆွာရက်က ရီးယဲလ်မက်ဒရစ် တိုက်စစ် မှူး ရော်နယ်ဒိုနှင့် တွဲကစားလိုသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
မိမိအပေါ် မီဒီယာများ၏ ဆက်ဆံမှုမှာမမျှတဟူသောအကြောင်းပြ ချက်ဖြင့် လီဗာပူး အသင်းမှ ထွက်ခွာ လိုသည်ဟု ယမန်လက ပြောဆိုခဲ့ပြီး နောက် ယခုအခါ ရီးယဲလ် စတားရော် နယ်ဒိုနှင့်တွဲ ကစားလိုသည်ဟု ဆွာရက်ကထပ်မံ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

”ကျွန်တော် ရော်နယ်ဒိုနဲ့ တကယ်ပဲတွဲပြီး ကစားလိုပါတယ်။ သူဟာတကယ့် ကစားသမားကောင်းတစ်ဦးပါ” ဟုဆွာရက်က ပြောသည်။ ဥရုဂွေး အသင်း ခေါင်းဆောင် ဆွာရက်က ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဗင်နီဇွဲလား အသင်းနှင့်ကစားသည့် ပွဲစဉ်အပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရီးယဲလ်သို့ ပြောင်းရွှေ့ရေး နှင့် ပတ်သက်၍ ဘာမှကြိုတင် မပြောနိုင် ကြောင်း ဆိုသည်။

”ဒါတွေဟာ အရမ်းရှုပ်ထွေးပါတယ်။ အခု အချိန်မှာ ရော်နယ်ဒိုဟာ ရီးယဲလ်မှာရှိနေပြီး ကျွန်တော်က လီဗာပူးအသင်းသားပါ။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး” ဟု ၄င်းကဆိုသည်။

လီဗာပူးနှင့် ချဲလ်ဆီး အသင်းတို့၏ ပရီးမီးယားလိဂ် ဒါဘီ ပွဲစဉ်အတွင်း ချဲလ် ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်အား ကိုက်ခဲ့သည့် ကိစ္စ ပြီးသည့်နောက် မီဒီယာများ၏ ၄င်းအပေါ် ဆက်ဆံမှုမှာ မျှတမှု မရှိတော့ဟု ၄င်းက စွပ်စွဲ ထားသည်။

ကျွန်တော် အမှား လုပ်ခဲ့မိ တာကို သိပါတယ်။ ဒါဟာ ကျွန်တော့် အမှားပါ။ ဘာ့ကြောင့်လဲ ဆိုရင် လက်ထိဘော အတွက် ပင်နယ်တီ မရလို့ ဒေါသ ထွက်ပြီး စိတ်လွတ် သွားလို့ပါ။ အိုင်ဗန်နိုဗစ်က ကျွန်တော့်ကို ဘာမှမလုပ်ခဲ့ပါဘူး” ဟု ဆွာရက်က ဝန်ခံ ခဲ့သည်။ လီဗာပူး အသင်းသည် ဆဲလ်တာဗီဂို တိုက်စစ်မှူး လာဂိုအစ ပက်စ်ကို ပေါင် ၇ သန်းဖြင့် ခေါ်ယူနိုင် ခဲ့ပြီး ဖြစ်သော်လည်း ဆလိုဗေးနီးယား နောက်ခံလူ စကာတယ် အား ဆက် လက်ထိန်းထားနိုင်ရေး အတွက် ဆွေး နွေးနေရသည်ဟု သိရသည်။

KYL
by Daily Mail

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...