ခရီးသည် နှစ်ဦးတို့က ကယ်ရီမောင်းသူထံမှ ဆိုင်ကယ်လုယူခဲ့မှုနှင့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူနှင့်
ပထမဖြစ်စဉ်မှာ သာကေတမြို့နယ် (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်း
အ၀ိုင်းထိပ်တွင်ဆိုင်ကယ် ကယ်ရီထိုးထားသည့် ကျော်ကျော်ခိုင် (၁၈) နှစ်၏
ဆိုင်ကယ်ကို စက်တင်ဘာ ၁၅ ရက် ည ၇ နာရီခွဲကျော်အချိန်က
ငှားစီးပြီးလုယက်ခဲ့ခြင်းဖြစ်သည
၎င်းဆိုင်ကယ်ကို သာကေတမြို့နယ် (၁၀/မြောက်) ရပ်ကွက်၊ လယ်ယာ (၆) လမ်းသို့
လိုက်ပို့ရန် အမျိုးသား နှစ်ဦးတို့က ငွေကျပ် (၈၀၀) ဖြင့်ငှားစီးခဲ့သည်။
ထို့နောက် ပဲခူးမြစ်ကမ်းဘေးတွင် နေထိုင်သည့် အဒေါ်ထံတွင် လမ်းစရိတ်
ငွေသွားတောင်းမည်ဖြစ်၍ ပို့ပေးရန် ပြောသဖြင့် ဆိပ်ကမ်းသာလမ်းသို့ ကွေ့ဝင်ခဲ့သည်။
လမ်းကွေ့အရောက်မှာပင် နောက်မှထိုင်စီးသူတစ်ဦးက ထီးကျခဲ့သဖြင့်
ဆိုင်ကယ်ရပ်ပေးရန် ပြော၍ရပ်ပေးခဲ့ရာ တစ်ဦးမှ ထီးသွားကောက်ပြီး
ကျန်တစ်ဦးမှ ဓားထုတ်ပြကာ ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းခဲ့သည်ဟု ကာယကံရှင်
ကယ်ရီမောင်းနှင်သူက ရဲအားပြောပြထားသည်။
ထို့နောက် ထီးဆင်းကောက်သူက
၎င်းအားချုပ်ကိုင်ထားရန် ဓားကိုင်ထားသူအား ပြောခဲ့သဖြင့် ၎င်းပိုင်
ဆိုင်ကယ်အားထားခဲ့ကာ ထွက်ပြေးခဲ့ရသည်ဟုလည်း ထွက်ဆိုထားသည်။
ထို့ပြင် ၄င်းပိုင် ၂၀ယ/ ၇၈၁၂၄ ဂျဲလမတ် ၁၂၅ အဖြူရောင်ဆိုင်ကယ် တန်ဘိုးကျပ်
(၄၅၀၀၀၀) ကို အထက်ပါ လူနှစ်ဦး တို့က မောင်းနှင်ထွက်ပြေးသွားဖြင့်
အရေးယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ယင်းတိုင်တန်းမှုကို
သာကေတနယ်မြေ ရဲစခန်းက (ပ) ၆၆၈/၂၀၁၃ဖြင့် အမှုဖွင့်ကာ ပုဒ်မ ၃၈၂ ဖြင့်
စစ်ဆေးတရားစွဲတင်နိုင်ရန်အတွက် တိုင်တန်းခံထားရသူနှစ်ဦးကို
လိုက်လံရှာဖွေနေသည်ဟု တိုင်းရဲဌာနက ဆိုထားသည်။
ဒုတိယအမှုမှာ
စက်တင်ဘာလ ၁၃ ရက် နံနက် ၄ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောင်မင်္ဂလာ
အဝေးပြေးကားဝန်းမှ ခြောက်ကွေ့သို့ သွားရန် အမျိုးသားတစ်ဦး မောင်းနှင်သော
အနီရောင်(ရုပ်ဆိုး) ဆိုင်ကယ်ကို ငှားစီးရာမှ လုယက်ခံခဲ့ရခြင်းဖြစ်သည်ဟု
တိုင်တန်းထားခြင်းဖြစ်သည်။
ယင်းတိုင်တန်းသူမှာ ကိုမင်းသူအောင်
(၂၉)နှစ်၊ တိုက်(ဘီ)၊ အခန်း(၂၀၁)၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ် ဖြစ်သည်
ဟု ရဲဌာနက အတည်ပြုထားသည်။ ၎င်းငှားစီးသောဆိုင်ကယ်သည် တံတားဖြူအနီး အရောက်တွင်
ကယ်ရီမောင်း၏ သူငယ်ချင်းမှ လှမ်းခေါ်သဖြင့် ဆိုက်ကယ်နောက်တွင် ထိုင်လျက်
လိုက်ပါလာခဲ့သည်ဟု တရားလိုက ထွက်ဆိုထားသည်။
ထို့နောက်
အ၀ိုင်းမရောက်မီ ၀ဲဘက်လမ်းကျဉ်းသို့ ဆိုက်ကယ်မောင်းသွားပြီး နောက်မှ
လိုက်လာသူက ဆီးသွားချင်ကြောင်း ပြောဆိုပြီး ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့သည်။
ယင်းနောက် နောက်မှ လိုက်လာသူက တရားလိုအား ဆိုင်ကယ်ပေါ်မှ ဆင်းပြီး
ထိုင်ရန်ပြောဆိုစဉ် ဆိုင်ကယ်မောင်းက လက်သီးနှင့် နှစ်ချက်ခန့် မျက်နှာကို
ထိုးခဲ့သည်ဟုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။
ယင်းအပြင်
အနက်ရောင်တီရှပ်လက်တို တစ်ထည်၊ စီဒီခွေခုနစ်ချပ်၊ ငွေ (၃၀၀၀၀)နှင့်
နိုင်ငံသားစိစစ်ရေးကတ်တို့ ပါရှိသော အနက်ရောင် ခရီးဆောင်ဘေးလွယ်အိတ် နှင့်
ဆင်းကဒ်ပါ ဟွားဝေအမျိုးအစား လက်ကိုင်ဖုန်းတို့ကို
လုယူထွက်ပြေးသွားခြင်းဖြစ်သည်ဟု
ယင်းတိုင်တန်းမှုကို မြောက်ဥက္ကလာပရဲစခန်းက (ပ)၇၄၀/၂၀၁၃ ဖြင့်အမှုဖွင့်ပြီး
ပြစ်မှု ကျူးလွန်ခဲ့သူများအား စုံးစမ်းရှာဖွေလျက်ရှိကာ ဖမ်းမိပါက ပုဒ်မ
၃၉၄/၁၁၄ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။
by mizzima
Tuesday, September 17, 2013
ခရီးသည်က ဆိုင်ကယ်လုယူမှုနှင့် ဆိုက်ကယ် ကယ်ရီမောင်းသူက ပစ္စည်းလုယူမှု တစ်ရက်တည်းဖြစ်ပွား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...