မုံရွာမြို့မှ ငဖဲမြို့နယ်သို့ ထွက်ခွာလာသည့် ဆီသယ်ယာဉ်ပေါ်တွင် ပါရှိသည့်
ငွေကျပ်သိန်းခြောက်ဆယ်မှာ စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက
ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်ကာ လမ်းကြုံအဖြစ်
လိုက်ပါစီးနင်းလာသည့် အမျိုးသမီးနှစ်ဦးအား ဒရိုင်ဘာမှအမှုဖွင့်ထားကြောင်း
ချောင်းဦးမြို့မ ရဲစခန်းက ဆိုသည်။
ဖြစ်စဉ်မှာ ဆီသယ်ယာဉ်အမှတ် ၆ က/
၎င်းတို့နှစ်ဦးမှာ မထိသာကျေးရွာအနီးတွင် ကားပေါ်မှ ပြန်လည်ဆင်းသွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး ဆင်းသွားပြီး
နောက်တွင် ယာဉ်မောင်းဖြစ်သူက ကားရှေ့ခန်းထိုင်ခုံအောက်
အံဝှက်အတွင်းစောင်ဖြင့် ရစ်ပတ်ထည့်ထားသော ငါးထောင်တန်ငွေစက္ကူများ
ပျောက်ဆုံးနေခြင်းဖြစ်သည်။
ထို့သို့ ပိုက်ဆံများ
ပျောက်ဆုံးရခြင်းနှင့် ပတ်သက်၍ လမ်းကြုံလိုက်လာသူ အမျိုးသမီးနှစ်ဦးအပေါ်
ကိုစိုးနိုင်ဦးမှ သံသယရှိသဖြင့် ဥပဒေအရ အရေးယူပေးပါရန် ရဲစခန်းသို့
တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ထို့အတွက်ကြောင့် ချောင်းဦးမြို့မ
ရဲစခန်းမှ (ပ) ၂၅၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်ကာ
ဒုရဲအုပ်ကိုကိုနိုင်မှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
by mizzima
Tuesday, September 17, 2013
ဆီသယ်ယာဉ်တွင် ပါရှိသော ငွေကျပ် သိန်း ၆၀ ပျောက်ဆုံး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...