<div style='background-color: none transparent;'></div>

Wednesday, September 18, 2013

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မင်းဘူးမြို့ပေါ် ၅ရပ်ကွက် ရေနစ်မြုပ်

ဧရာဝတီမြစ်ရေ မြင့်တက်လာ မှုကြောင့် မင်းဘူးမြို့ပေါ်(၅)ရပ်ကွက့် ရေနစ်မြုပ်ခဲ့ရကြောင်း သတင်း ရရှိသည်။

မိုးအဆက်မပြတ်ရွာ သွန်းမှုနဲ့ မန်းဆည် ရေလွှတ်မှုကြောင့် ယခုလိုရေကြီး ရခြင်းဖြစ်ပြီး နှစ်ပေါင်း ခုနှစ်နှစ်ခန့် အတွင်း ယခုလို ရေကြီး မြင့်မှုနဲ့ကြုံတွေခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးကပြောသည်။

“လွန်ခဲ့တဲ့(၂)ရက်လောက်ကတဲကရေစတက်လာတာ၊ညကတော့ အသံချဲ့စက်နဲ့ လိုက်အော်တယ်၊ဆည်ကရေမနိုင်လို့နည်းနည်းချင်းဖောက်ချ မယ်လို့ပြောတယ်၊ ခုမနက်မှာတပ်မ (၈၈)နဲ့ ပြည်သူ့ရဲများအကူအညီနဲ့ ဒီကိုရွှေ့လာရတယ်”ရေဘေးသင့်ပြည်သူတစ်ဦးကပြောသည်။

မြစ်ရေကြီးမြင့်မှုနောက်ထပ်(၃)ရက်ကြုံတွေ့နိုင်သေးကြောင်းတာဝန်ရှိသူများ ကပြောကြားခဲ့သည်။ ရေဘေးသင့်ပြည်သူများကို ယာယီစခန်းများထားရှိပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့မှကူညီခဲ့သည်ဟုသိရသည်။ အချို့အိမ်များမှာ နေထိုင်၍ရသဖြင့် သွားလာရေးလွယ်ကူနိုင်ရန်ကိုယ်ပိုင်လှေများ၊ အငှါးလှေများဖြင့်သွားလာနေကြရသည်။

ဦးမင်း

by Popular Myanmar News Journal




0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...