ခြောက်တန်းကျောင်းသူကို ခိုးပြေးသည်ဟုဆိုကာ အမျိုးသားတစ်ဦးအား
အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားမှုကို မြောက်ဒဂုံရဲစခန်းက စက်တင်ဘာ ၁၆
တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲ တပ်ဖွဲ့ စခန်းမှ
စုံစမ်းသိရသည်။
အမှုတွင် စက်တင်ဘာလ ၁၄ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်က မိခင်ဖြစ်သူ ဒေါ်စန်းဌေး (၄၇)နှစ် မြောက်ဒဂုံမြို့နယ် နေသူသည် သမီးဖြစ်သူ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင
ထို့ကြောင့် လွန်ခဲ့သော (၁၅) ရက်ခန့်က မြောက်ဒဂုံမြို့နယ်၊ (၃၁)ရပ်ကွက်
ဇေယျာဒီပလမ်းရှိ စူပါတေလာ အပ်ချုပ် ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့်
လူငယ်တစ်ဦးနှင့် ချစ်ကြိုက်ရည်ငံနေရာမှ ခိုးရာလိုက် ပြေးသွားခဲ့သည်ကို
သိရှိခဲ့ကြောင်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။
ထို့ကြောင့် စက်တင်ဘာ ၁၅ ရက် ညတွင် သမီးဖြစ်သူအား ပြန်လည်တွေ့ရှိသဖြင့်
နေအိမ်သို့ ပြန်လည် ခေါ်ဆောင်ထားသည်ဟု ဆိုထားသည်။ ယင်း၏ သမီးငယ်မှာ
ခြောက်တန်းကျောင်းသူတစ်ဦးဖြစ်ပြ
အသက်မပြည့်သေးသည့် ကလေးငယ်ကို ဖြားယောင်းသွေးဆောင်မှုဖြင့် အရေးယူပေးရန်
မင်းဦး (ခ) မျိုးဇာနီ (၂၂) နှစ်ကို စွပ်စွဲတိုင်တန်းထားခြင်းလည်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၄၈၂/၂၀၁၃ဖြင့် အမှုဖွင့်ပြီး
တိုင်တန်းခံထားရသူအား ဖမ်းဆီး စစ်ဆေးနိုင်ရန် လုပ်ဆောင်လျက်ရှိပြီး
ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် အရေးယူရန် စီစဉ်ထားသည်ကို တိုင်းရဲဌာန၏
မှုခင်း မှတ်တမ်းတွင် တွေ့ရသည်။
by Mizzima
Tuesday, September 17, 2013
ခြောက်တန်းကျောင်းသူ ရည်းစားကို ခိုးပြေးမိ၍ အမှုဖွင့်ခံလိုက်ရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...