စက်တင်ဘာ ၁၈
ရက်က ကော့သောင်းထောင်မှ ကားများဖြင့် ခေါ်ဆောင်လာသော အကျဉ်းသားများကို
ကော့သောင်းမြို့ တော်ဝင်သင်္ဘောဆိပ်တွင် သင်္ဘောပေါ်သို့ ၀န်တင်ကရိန်းများဖြင့်
ပို့ဆောင်နေစဉ် (ဓာတ်ပုံ- ရဲမြင့်ဝင်း)
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်မှ
အကျဉ်းသားများကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲ
အချိန်မှစ၍ ပြောင်းရွှေ့ရန် အကျဉ်းထောင်မှ စတင်ထွက်ခွာခဲ့ရာ
ကော့သောင်းမြို့ရှိ သင်္ဘောဆိပ်သို့ မွန်းလွဲ ၃ နာရီတွင် ရောက်ရှိလာပြီး ၃
နာရီခွဲ အချိန်တွင် ၁၀ ဘီးကားပေါ်မှ ၀န်တင်ကရိန်းကားဖြင့် လေးယောက်တစ်တွဲ
ချီမကာ သံခွံသင်္ဘောအတွင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သင်္ဘောပေါ်သို့ တင်ဆောင်ထားသော အကျဉ်းသားများကို မည်သည့် အကျဉ်းထောင်သို့
ပို့ဆောင်ပေးမည် ဆိုသော သတင်းနှင့် အရေအတွက်တို့ကို မသိရသော်လည်း
အမျိုးသမီးများ မပါဝင်ကြောင်း၊ မြိတ်ထောင်နှင့် ထားဝယ်ထောင်များသို့
ပို့ဆောင်ရန် အစီအစဉ်ရှိပြီး ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့
ပို့ဆောင်ရန် အစီအစဉ် ရှိကြောင်း သိရသည်။
တော်ဝင် သင်္ဘောဆိပ်သို့ ပထမအကြိမ် ၁၀ ဘီးကားဖြင့် တင်ဆောင်လာရာတွင် အကျဉ်းသား ၅၀ ဦးရှိပြီး ၃ နာရီတွင် ရောက်ရှိကြောင်း၊ ဒုတိယအကြိမ် ၁၀ ဘီးကားတစ်စီး ပေါ်တွင်လည်း အကျဉ်းသား ၅၀ ဦး ပါဝင်ခဲ့ပြီး တတိယအကြိမ် ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိလာသော မှန်လုံကား တစ်စီးပေါ်၌ ပါဝင်သော လူဦးရေအား ခန့်မှန်းရန် အခက်အခဲ ရှိခဲ့သော်လည်း... |
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသော ဌာနဆိုင်ရာများအား ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်မှု မရခဲ့ပေ။
တော်ဝင် သင်္ဘောဆိပ်သို့ ပထမအကြိမ် ၁၀ ဘီးကားဖြင့် တင်ဆောင်လာရာတွင် အကျဉ်းသား ၅၀ ဦးရှိပြီး ၃ နာရီတွင် ရောက်ရှိကြောင်း၊ ဒုတိယအကြိမ် ၁၀ ဘီးကားတစ်စီး ပေါ်တွင်လည်း အကျဉ်းသား ၅၀ ဦး ပါဝင်ခဲ့ပြီး တတိယအကြိမ် ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိလာသော မှန်လုံကား တစ်စီးပေါ်၌ ပါဝင်သော လူဦးရေအား ခန့်မှန်းရန် အခက်အခဲ ရှိခဲ့သော်လည်း ကနဦး သတင်းများအရ အကျဉ်းသား ၁၈၅ ဦးပို့ရန် စီစဉ်ထားကြောင်း သိရသည်။
by weeklyeleven










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...