ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခင်က Day Club နှင့် Day ပါတီပွဲများ
ပြုလုပ်ခဲ့သည့် နေရာများကို ရဲတပ်ဖွဲ့က အမြဲတမ်း စောင့်ကြည့်နေပြီး
ပြုလုပ်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ဆိုင်ပိုင်ရှင်နှင့် ပွဲစီစဉ်သူကို
အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ
တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်း ယခင်က Day Club နှင့် Day ပါတီပွဲများ
ပြုလုပ်ခဲ့သည့် နေရာများမှာ အနည်းဆုံး ငါးနေရာမှ ၁၀ နေရာအထိ ရှိကြောင်း
သိရသည်။
အရင်က Day Club ဖွင့်ခဲ့တဲ့ နှစ်နေရာရှိတယ်။ အဲဒီနေရာကို အမြဲတမ်း စောင့်ကြည့်နေတယ်။ အရင်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဒီလုပ်ငန်းတွေ လုပ်နေတယ်။ အခုတော့ အမိန့်စာ ထုတ်ထားတဲ့အတွက် ထိရောက်စွာ အရေးယူနေပါပြီ။ ဖမ်းဆီးရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ကျောင်းနေအရွယ် ကလေးတွေ ပျက်စီးလာတာတွေကြောင့် ဖြစ်တယ်။ ဒါကြောင့် ဖွင့်တယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ ပိုင်ရှင်၊ ပွဲစီစဉ်သူနဲ့ ကျင်းပခဲ့တဲ့နေရာကို နှစ်အကန့်အသတ်နဲ့ ပိတ်သွားပါမယ်... |
Day Club ဖွင့်တယ်လို့ သံသယရှိတဲ့ နေရာသုံးနေရာ ရှိတယ်။ ဥပမာ ပုလဲကွန်ဒို၊ ရန်ကုန်အင်တာနေရှင်နယ် ဟိုတယ်တို့ဖြစ်ပြီး သံသယရှိတဲ့ နေရာတွေကိုလည်း အမြဲတမ်း စောင့်ကြည့်နေတယ်။ လုပ်တယ်ဆိုရင် ဖမ်းဆီးသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၈ ရက် နံနက်က ပြောကြားသည်။
ယင်းကဲ့သို Day Club များကို စစ်ဆေး အရေးယူနိုင်ရန် အတွက် စုံစမ်းဖမ်းဆီးရေး အဖွဲ့တွင် သက်ဆိုင်ရာ မြို့နယ်အများအလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများ ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေသည့် Black & White Day Club ကို ၀င်ရောက်စစ်ဆေးကာ အရေးယူခဲ့ကြောင်း သိရသည်။
by weeklyeleven










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...