<div style='background-color: none transparent;'></div>

Wednesday, September 18, 2013

ဓါးဖြင့်ထောက်ကာ ရွှေဆွဲကြိုးလုယူသွားသည့် တရားခံအားဖမ်းဆီးရမိ

၁၃.၉.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ
ဒေါ်မီမီခိုင်သည်နေအိမ်၌ရှိနေစဉ်ယခင်ကခင်မင်ရင်းနှီးသူ မောင်မောင်မြင့်
(ဘ)ဦးထွန်းကြည်၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူ
ရောက်ရှိလာသဖြင့် ဝေဘာဂီမြို့သစ်၊ (၅)ရပ်ကွက်၊

မဂ္ဂင်လမ်းရှိ မြေကွက်အား မြက်များရှင်းလင်းခိုင်း ခဲ့ပြီးနောက် သွားရောက်ကြည့်ရှုစဉ် မောင်မောင်မြင့်မှ ခါးကြားတွင်အသင့်ပါလာသောဓါးဖြင့် ဒေါ်မီမီခိုင်အား
ထောက်ပြီး လည်ပင်းတွင်ဝတ်ဆင်ထားသော အလေးချိန်(၃)ကျပ်သား
ခန့်ရှိရွှေဆွဲကြိုး(၁)ကုံး၊

တန်ဘိုးငွေကျပ်(၂၁)သိန်းအား ခြိမ်းခြောက်လုယူသွားသဖြင့် အရေး ယူပေးရန်တိုင်တန်းခဲ့၍ ဝေဘာဂီနယ်မြေရဲစခန်း (ပ)၂၅၇/၂၀၁၃၊ ပုဒ်မ ၃၈၄ ဖြင့်အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အဆိုပါအမှုမှ
ပြစ်မှုကျူးလွန်သူ မောင်မောင်မြင့်အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မန္တလေးမြို့သို့ထွက်ပြေးတိမ်းရှောင်သွားကြောင်း
စုံစမ်းရရှိသဖြင့် ၁၄.၉.၂၀၁၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊


တောင်ငူမြို့ဘူတာမှစောင့်ဆိုင်း၍ မီးရထားရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း
ရှာဖွေကာဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းရွှေဆွဲကြိုးအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွား(၁၁)လက်မခန့်ရှိ
ဓါးဦးချွန်(၁)ချောင်းအား မဂ္ဂင်လမ်းထိပ်ရှိ ရေမြောင်းအတွင်း၌
လွှင့်ပစ်ထားခဲ့ကြောင်းသိရှိရသဖြင့် ရှာဖွေသိမ်းဆည်းခဲ့ပြီး ၎င်းအား
ဝေဘာဂီနယ်မြေရဲစခန်း(ပ)၂၅၉/၂၀၁၃၊လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်
ထပ်မံအရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

by Yangon Police

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...