စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ဘာလ ၁၅ ရက်နေ့ထိ ကော့သောင်းမြို့
အကျဉ်းထောင်တွင် ဆန္ဒပြမှု နှင့် အခွင့်အရေး ဖေါ်ထုတ် တောင်းခံမှုများ ပေါ်ပေါက်
နေကြောင်း သိရှိရပါသည်။ အကျဉ်းကျသူများမှ တောင်းဆိုချက် (၃)ချက် တောင်းဆို
ထားကြောင်းနှင့် အဆိုပါ တောင်းဆို ချက်များမှာ-
(၁) ဖြစ်စဉ်အား အမှန်အတိုင်း စစ်ဆေးပေးရန်။
(၂) မတရား ညှင်းပန်း နှိပ်စက်သူ ဝန်ထမ်းများအား အရေးယူ ပေးရန်။
(၃) အကျဉ်းထောင် တာဝန် ရှိသူများကို ပြောင်းရွှေ့ ပေးရန်တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်
ဖြစ်ပွားရာသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်
ဦးမြတ်ကို နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် အကျဉ်း ဦးစီးဌာန
ညွှန်ကြား ရေးမှူးချုပ် တို့မှ ညှိနှိုင်း ဆောင်ရွက် ပေးလျှက် ရှိကြောင်း
သိရှိရပါသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ညပိုင်းတွင်
ကော့သောင်း မြို့နယ် အကျဉ်းထောင်သို့ မြို့နယ် တရားရုံးမှ ရန်ဖြစ်မှုနှင့်
ညီအကို (၂)ဦး ဖြစ်သော ရဲကိုလှိုင်နှင့် ညီညီလှိုင် တို့ညီအကို(၂)ဦးအား
ထောင်ဒဏ် (၁)နှစ် (၆)လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ထောင်သို့ ပို့ဆောင်
ခဲ့ကြောင်း သိရှိရပါသည်။ ထောင်တွင်း၌ ၄င်းတို့ညီအကို (၂)ဦးသည် သူ့ကြောင့်
ကိုယ်ကြောင့် ပြစ်ဒဏ် ကျခံ ရသည်ကို အငြင်းပွားမှု ဖြစ်ပွားရာ ၊ထောင်ရှိ
ထောင်မှူး အပါအဝင် ဝန်ထမ်း (၃)ဦးမှ လာရောက် ဖမ်းဆီးကာ လက်နောက်ပြန်
လက်ထိပ်ခတ်ခြင်း၊ ခေါင်းစွပ်စွတ်ခြင်း၊ အင်္ကျီ အဝတ်အစားများ ကို
ချွတ်ခြင်းတို့ ပြုလုပ်ပြီး ထောင်တွင်း လူမြင်ကွင်းတွင် ရိုက်နှက် ၊
ထိုးကြိတ် ခဲ့ကြောင်း၊ ဖြစ်စဉ်အား ဝိုင်းဝန်း ကြည့်နေ သော ထောင်ကျ သူများမှ
မတရား နှိပ်စက် ညှင်းပန်းမှုများ မပြုလုပ်ရန် ဝိုင်းဝန်း အော်ဟစ်ခဲ့ရာ ၊
ထောင် တာဝန် ရှိသူများမှ မီးမှိတ်ကာ သေနတ် ပစ်ဖေါက် ခဲ့ကြောင်း၊ အကျဉ်း
ကျသူများမှ ထောင်အိပ်ခန်း၊ နံရံများကို မီးရှို့ကာ ထွက်ပြေး လွတ်မြောက်ရန်
လမ်းရှာရမှာ အဓိကရုဏ်း ဆန်ဆန် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ပစ်ခတ် မှုကြောင့် (၁)ဦးသေဆုံးပြီး၊ (၇)ဦး ဒဏ်ရာ ရရှိ သွားကြောင်း
သတင်းရရှိသည်။
မြိတ်ပုလဲမြေ
Wednesday, September 18, 2013
ကော့သောင်း ထောင်တွင်း ဆန္ဒပြပွဲများ ပေါ်ပေါက် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် ညှိနှိုင်း ဖြေရှင်း
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...