တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်း မြို့နယ် အတွင်းရှိ ၉
မိုင် အကျဉ်းထောင်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီကျော်တွင်
ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို
ဖြတ်တောက်ကာ ခြောက်လှန့် ပစ်ခတ်ရာမှ ဒဏ်ရာရရှိသူ ခုနှစ်ဦးအနက်
မြိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် အကျဉ်းသား သန်းနိုင်စိုး (ခ) ၀က် ၊
အသက် (၂၂)နှစ်၊ (ဘ) ဦးစိုးနိုင်သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့
နံနက် (၁)နာရီ (၄၅) မိနစ် အချိန်တွင် သေဆုံးကြောင်း သိရှိရသည်။
ထိုအကျဉ်းသား
သန်းနိုင်စိုးသည် ၀ဲဘက်တင်ပါးဆုံတွင် သေနတ်ဒဏ်ရာ တစ်ချက်ရရှိပြီး
မြိတ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသနေရာမှ သွေးဆိပ်တက်ပြီး
သေဆုံးကြောင်း သိရသည်။ အလောင်းအား (၁၇) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင်
မြိတ်မြို့ ကလွင် ဘာသာပေါင်းစုံ သုဿန်၌ မြေမြှုပ် သဂြိုလ် ခဲ့ကြောင်းနှင့်
ထိုအမှုအား မြိတ်မြို့ မြို့မရဲစခန်းမှ သေမှု သေခင်း အမှတ် (၄၉/၂၀၁၃) ဖြင့်
အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ထောင်ဆူပူအုံကြွမှု
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် ကော့သောင်း မြို့နယ်
အကျဉ်းထောင်သို့ မြို့နယ် တရားရုံးမှ ရန်ဖြစ်မှုနှင့် ညီအကို (၂)ဦး ဖြစ်သော
ရဲကိုလှိုင်နှင့် ညီညီလှိုင် တို့ညီအကို(၂)ဦးအား ထောင်ဒဏ် (၁)နှစ် (၆)လ
ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ထောင်သို့ ပို့ဆောင် ခဲ့သည်။ ထောင်တွင်း၌
၎င်းတို့ညီအကို (၂)ဦးသည် သူ့ကြောင့် ကိုယ်ကြောင့် ပြစ်ဒဏ် ကျခံ ရသည်ကို
အငြင်းပွားမှု ဖြစ်ပွားရာ ၊ထောင်ရှိ ထောင်မှူး အပါအဝင် ဝန်ထမ်း (၃)ဦးမှ
လာရောက် ဖမ်းဆီးကာ လက်နောက်ပြန် လက်ထိပ်ခတ်ခြင်း၊ ခေါင်းစွပ် စွတ်ခြင်း၊
အင်္ကျီ အဝတ်အစားများ ကို ချွတ်ခြင်းတို့ ပြုလုပ်ပြီး ထောင်တွင်း
လူမြင်ကွင်းတွင် ရိုက်နှက် ၊ ထိုးကြိတ် ခဲ့ကြောင်း၊ ဖြစ်စဉ်အား ဝိုင်းဝန်း
ကြည့်နေ သော ထောင်ကျ သူများမှ မတရား နှိပ်စက် ညှင်းပန်းမှုများ မပြုလုပ်ရန်
ဝိုင်းဝန်း အော်ဟစ်ခဲ့ရာ ၊ ထောင် တာဝန် ရှိသူများမှ မီးမှိတ်ကာ သေနတ်
ပစ်ဖေါက် ခဲ့ကြောင်း၊ အကျဉ်း ကျသူများမှ ထောင်အိပ်ခန်း၊ နံရံများကို
မီးရှို့ကာ ထွက်ပြေး လွတ်မြောက်ရန် လမ်းရှာရမှာ အဓိကရုဏ်း ဆန်ဆန်
ဖြစ်ပွားရခြင်း ခဲ့သည်။ ပစ်ခတ် မှုကြောင့် ကိုဌေးငယ် ဆိုသူမှာ သေဆုံးပြီး၊
(၇)ဦး ဒဏ်ရာ ရရှိ သွားကြောင်းနှင့် ယခု တစ်ဦး ထပ်မံ သေဆုံးသောကြောင့်
သေဆုံးသူ (၂) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြိတ်ပုလဲမြေ
Wednesday, September 18, 2013
ကော့သောင်းထောင် ဆူပူအုံကြွမှု ဖြစ်စဉ်၌ ဒဏ်ရာ ရရှိသူ မြိတ်ဆေးရုံကြီး၌ ကွယ်လွန်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...