“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့်
လက်မှတ်များကို တစ်နိုင်ငံလုံးအနှံ့ ကောက်ခံမှုများ ပြုလုပ်နေရာ အောက်တိုဘာ ၇
ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါး
ဖြစ်သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။
အဆိုပါ လက်မှတ်များကို ယခုနှစ် ဇွန်လမှ စတင် ကောက်ခံခြင်းဖြစ်ရာ
လေးလကျော်အတွင်း လက်မှတ် လေးသန်းကျော် ရရှိထားခြင်း ဖြစ်သည်။
ကောက်ခံရရှိသည့် လက်မှတ်များကို စုစည်းပြီး ပြည်သူ့လွှတ်တော်သို့
ပေးပို့ခြင်းဖြစ်သည်။ အနယ်အနယ်အရပ်ရပ်မှ ပေးပို့လာသည့် လက်မှတ်များကို
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ပို့ပေးပြီး အဆိုပါ
ကျောင်းတိုက်မှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်း ဖြစ် သည်။
လွှတ်တော်သို့ မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ်များ ပေးပို့ခြင်းနှင့်
ပတ်သက်၍ အင်းစိန်ရွာမ ပရိယတ်္တိစာသင် တိုက်မှ ဆရာတော်ဦးစန္ဒာသီရိက
“ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေ တစ်ရပ်
ပေါ်ထွန်းအောင် မဆွေးနွေးသေးသရွေ့ ထောက်ခံလက်မှတ်တွေ ပို့ပါမယ်” ဟု ပြောသည်။
ယင်းသို့ဆွေးနွေးရာတွင် မျိုးစောင့်ဥပဒေဆိုသည့် အမည်ဖြင့် မဟုတ်ဘဲ
အခြားအမည်ဖြင့် ဆွေးနွေးမည်ဆိုပါကလည်း မိမိတို့ ရေးဆွဲထားသည့်
အချက်အလက်များ ပါဝင်ပါက လက်ခံမည်ဟု ဆရာတော်ကဆိုသည်။
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များ ကောက်ခံခြင်းနှင့် ပတ်သက်၍လည်း ဆရာတော်
ဦးဝီရသူက “ကိုယ့်စည်းသူ့စည်း လုံအောင်ထိန်းနိုင်ရင် ပဋိပက္ခတွေ
ဖြစ်တော့မှာ မဟုတ်ဘူး။ မျိုးစောင့်ဥပဒေဆိုတာကလဲ ကိုယ့်စည်းကိုယ့်ဘောင်ကို
လုံခြုံအောင် ကာကွယ်စောင့်ရှောက်တဲ့ သဘောပါ”ဟု မိန့်ကြားသည်။
ယင်းသို့ လက်မှတ်များ ကောက်ခံရာတွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာအနေဖြင့်
ကောက်ခံခြင်းဖြစ်ကာ အထက်မြန်မာပြည်မှ ထောက်ခံလက်မှတ် နှစ်သန်းခန့်
ရရှိသည်ဟုလည်း သိရသည်။ မျိုးစောင့် ဥပဒေ ထောက်ခံ လက်မှတ်များကို
လွှတ်တော်သို့ တစ်ကြိမ်လျှင် တစ်သန်းနှုန်းဖြင့် ပေးပို့နေခြင်းဖြစ်ပြီး
အောက်တိုဘာလတွင် ပေးပို့ခြင်းသည် လေးကြိမ်မြောက်ဖြစ်သည်။
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များကို ပြည်သူ့လွှတ်တော်သို့ တာဝန်ယူပေးပို့သူဆရာတော်ဦးစန္ဒာ
မျိုစောင့်ဥပဒေဟုခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာ
အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းနှင့်
ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေကြမ်း”တို့ ဖြစ်သည်။
ထိုဥပဒေကို ၂၀၁၃ ခုနှစ် ဇွန် ၁၂ ရက်က မှော်ဘီဆကိန္ဒာရာမကျောင်းတိုက်တွ
ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့က
ရေးဆွဲထားခြင်းဖြစ်ပြီး “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း” တွင် မြန်မာဗုဒ္ဓဘာသာဝင်
အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဖြစ်ပြီး၊
ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင်
ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိထားရန် လိုအပ်ကြောင်း ပါရှိသည်။
ထိုကိစ္စကို မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟုလည်း ပြစ်ဒဏ်ကို
တစ်ပါတည်း ထည့်သွင်း ရေးဆွဲထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
by mizzima
Tuesday, October 8, 2013
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်ဟု ဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...