ကင်ညာနိုင်ငံရဲ့ မြို့တော်နိုင်ရိုဘီက ၀က်စ်ဂိတ်ဈေးဝယ်ကုန်တိုက်ကို
စက်တင်ဘာ ၆ ရက်နေ့က ၀င်ရောက် စီးနင်းတိုက်ခိုက်ရာမှာ
ပါဝင်ခဲ့တယ်လို့ဆိုနိုင်တဲ့ အယ်လ်ရှာဘာ့ဘ် တိုက်ခိုက်ရေး အဖွဲ့ခေါင်းဆောင်
အာနာ့စ်အလ်လီဘီကို အမေရိကန်အထူးတပ်ဖွဲ့က လစ်ဗျားနိုင်ငံမြို့တော်
ထရီပိုလီမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အလ်လီဘီဟာ ၁၉၈၈ ခုနှစ်တုန်းက
အာဖရိကတိုက်က ကင်ညာနဲ့ တန်ဇန်နီးယားနိုင်ငံရှိ အမေရိကန်သံရုံး
တိုက်ခိုက်ခံရတဲ့အတွက် လူပေါင်း ၂၂၀ ကျော် သေဆုံးခဲ့ရမှုတွေမှာ
စီစဉ်ညွှန်ကြားသူတဦးလို့ သံသယဖြစ်ခံရသူတဦး ဖြစ်ပါတယ်။
အယ်လ်လီဘီဟာ
ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို (အက်ဖ်ဘီအိုင်) ရဲ့ အလိုရှိဆုံးသူများ
စာရင်းမှာ ပါနေပြီး ဒေါ်လာ ၅ သန်း ဆုငွေထုတ်ခံထားရသူ တဦးလည်း ဖြစ်ပါတယ်။
အောက်တိုဘာ
၅ ရက်နေ့က အမေရိကန် ကွန်မန်ဒိုတပ်ဖွဲ့တွေ ဆိုမာလီယာတောင်ပိုင်းကို
ဝင်ရောက်စီးနင်း ဖမ်းဆီးတုန်းက မမိပဲ လွတ်သွားခဲ့ပြီးနောက် အောက်တိုဘာ ၆
ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံနယ်နိမိတ်ထဲ
အခုလို အမေရိကန်အထူးတပ်ဖွဲ့တွေ ၀င်ရောက် စီးနင်းခဲ့တဲ့ ကိစ္စအပေါ်
ဝါရှင်တန်အစိုးရအနေနဲ့ ဖြေရှင်းချက်ပေးဖို့ လစ်ဗျားဝန်ကြီးချုပ်က
တောင်းဆိုထားပါတယ်။
ဒါ့အပြင် ၀က်စ်ဂိတ်ကုန်တိုက်
စီးနင်းတိုက်ခိုက်ခံရမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယဖြစ်ဖွယ် လူ ၂
ယောက်ကို စီစီတီဗွီကင်မရာကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းအရ အောက်တိုဘာ ၆
ရက်နေ့မှာ ကင်ညာရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလူ ၂ ယောက်ဟာ
မိုဟာမက်ဟူစိန်လို့ သိကြတဲ့ အဘ်ဒီကာဒီယာနဲ့ ဟူစိန် အဘ်ဒီ အလီ သို့မဟုတ်
အဗ္ဗဒူလာဟီဆူဘိုးလို့ သိကြတဲ့ အာဒန်ဒဂ် တို့ ဖြစ်ကြတယ်လို့ ကင်ညာနိုင်ငံရဲ့
အကြမ်းဖက်နှိမ်နင်းရေး ရဲဌာနက ဖော်ထုတ်နိုင်ခဲ့ကြောင်း
ကင်ညာရုပ်မြင်သံကြားဌာနက ထုတ်လွှင့်သွားပါတယ်။
စက်တင်ဘာ ၆ ရက်နေ့က
နိုင်ရိုဘီဘဏ်ထဲကို ကားတစီးအတွက် ငွေပေးချေဖို့ ၀င်လာပြီး နောက်ပိုင်း
တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ဒီတရားခံတွေရဲ့ရုပ်ပုံကို စီစီတီဗွီ
ကင်မရာကနေ ဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက
ကုန်တိုက်စီးနင်းခံရမှုမှာ အနည်းဆုံး လူပေါင်း ၆၇ ဦး သေဆုံးခဲ့ရပါတယ်။
![]() |
| အာနာ့စ်အလ်လီဘီ (ဓာတ်ပုံ - အေအက်ဖ်ပီ) |
by ဒီဗွီဘီ











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...