လက်တွေ့ကျသော
ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန်ကို
တာဝန်ရှိသူများ နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံး ၀က်ဘ်ဆိုက်)
ပညာရေး ကဏ္ဍတွင် ပြုပြင်ရမည့် အချက်များစွာ ရှိနေသည့်အတွက် ပညာရှင်များ၏
အကြံဉာဏ်ကို စုစည်းကာ ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်
ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ Action Plan များ ရေးဆွဲရန်အတွက်
မြန်မာ့ပညာရေး မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး အမြန်ဆုံး
အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု အောက်တိုဘာ ၇ ရက် နံနက်က နေပြည်တော်၌
ကျင်းပသော လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆိုသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မိမိတို့၏ ပညာရေးကဏ္ဍသည်
ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊
ပြုပြင်ရမည့် အချက်များ များစွာရှိနေကြောင်း၊ မူကောင်းပြီး
လူလည်းကောင်းအောင် ပြုပြင်ရမည် ဖြစ်ကြောင်း၊ ပညာရေးတွင် အတွေ့အကြုံရှိသည့်
ပညာရှင်များ၏ နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေး အခန်းကဏ္ဍကို လက်ရှိ
အခြေအနေထက် ပိုကောင်းအောင် ဖော်ဆောင်နိုင်မည့် အကြံဉာဏ်များကို
ယခုလက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင်
ဖိတ်ခေါ်ဆွေးနွေးရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပညာရှင်ကြီးများ အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် မိမိတို့၏
အတွေ့အကြုံများအား အခြေခံသည့် အမြင်များကို ပွင့်ပွင့်လင်းလင်း
တင်ပြဆွေးနွေး ကြရန်နှင့် ပညာရေးသည် နိုင်ငံသားအားလုံး၏ လက်ရှိနှင့် အနာဂတ်
အရေးဖြစ်သည့် အတွက် ယခုဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်ကောင်းများကို
အလေးအနက်ထားပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်
နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
by weeklyeleven
Tuesday, October 8, 2013
မြန်မာ့ပညာရေး မြှင့်တင်ရေးအဖွဲ့ အမြန်ဆုံး ဖွဲ့စည်းမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...