နာမည်ကြီးရုပ်သံဌာန BBC က နှစ်စဉ်ချီးမြှင့်နေကြဖြစ်တဲ့
တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမားဆုအတွက် ဆန်ကာတင်စာရင်းကို မနေ
့ကထုတ်ပြန်လိုက်ပါတယ်။ ငါးနှစ်ဆက်တိုက်
ဆန်ကာတင်စာရင်းဝင်သူအဖြစ် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား Yaya Toure က
မှတ်တမ်းတင်သွားပါတယ်။ချယ်လ်ဆီးအသင်းကနေ လီဗာပူးလ်အသင်းမှာ
အဌားသွားရောက်ကစားနေတဲ့ Victor Moses ၊ ဘာကီနားဖာဆိုနိုင်ငံအသင်းရဲ
့တောင် ပံ က စားသမား Jonathan Pitroipa ၊ ဒေါ့မွန်အသင်း တိုက်စစ်မှူး
ဂါဘွန်းနိုင်ငံကစားသမား Pierre-Emerick Aubameyang ၊
နိုင်ဂျီးရီးယားနိုင်ငံအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ရဲ့ ကွင်းလယ်ကစားသမား
Obi Mikel တို့ ငါးဦးထဲက တစ်ဦးကို အာဖရိကဘောလုံးပရိတ်သတ်များက
မဲပေးရွေးချယ်မှာဖြစ်ပြီး ဆုရရှိသူကို နိုဝင်ဘာ ၂၅ ရက်နေ့ မှာ
ကြေငြာမှာပါ။အခုနှစ်အတွက် ဒီဆုကို ဘာကီးနားဖာဆိုကစားသမား Pitroipa
ရရှိမယ်လို့ ရေပန်းစားလျက်ရှိပါတယ်။ မနှစ်က BBC တစ်နှစ်တာ
အကောင်းဆုံးအာဖရိကဘောလုံးသမားဆု ရရှိသွားသူကတော့ ဇမ်ဘီးယားနိုင်ငံကစားသမား
Christopher Katango ဖြစ်ပါတယ်။
Trend Myanmar
Trend Myanmar











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...