ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ထွန်တုံးတိုက်ပွဲဝင်ခဲ့သော လယ်သမား ၁၄
ဦးကို နိုဝင်ဘာ၂၀ ရက်နှင့် ၂၁ ရက်က မော်ကျွန်းမြို့နယ်တရားရုံးက
ထောင်ဒဏ်နှစ်လစီ အသီးသီး ချမှတ်လိုက်သည်ဟု ဧရာဝတီ တိုင်း
တောင်သူလယ်သမားသမဂ္ဂ (ယာယီ)မှ အတွင်းရေးမှူးဦးသန့်ဇော်ဦးက မဇိ္ဈမကို
ပြောသည်။
ဝါးခယ်မမြို့နယ်ရှိ လယ်သမားများအပါအ၀င်
မော်ကျွန်းမြို့နယ်၊ ဖိုခမီဒေါက်ကျေးရွာနှင့် ကျွန်းခယ်မ ကျေးရွာများမှ
လယ်သမား ၁၄ ဦးသည် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပိုင်ဆိုင်သည်ဟု ဆိုထားသည့် လယ်
မြေများတွင် ထွန်တုံးတိုက်ပွဲ (လယ်မြေ ၀င်ရောက် ထွန်ယက်စိုက်ပျိုးခြင်း)
ပြုလုပ်ရာမှ ၂၀၁၃ခုနှစ်၊ ဇူလိုင်လက တရားစွဲဆိုခံထားရကြောင်း ၎င်းက ပြောသည်။
“အခုဖြစ်စဉ်က ကိုယ့်လယ်မှန်ရင် လယ်ဝင်ထွန်ဆိုပြီး အဖွဲ့စည်းတစ်ခုက
ပြောတာကို လယ်သမားတွေက လယ်ဝင်ထွန်ရာကဖြစ်တာ၊ လယ်သမားတွေကို ချမှတ်လိုက်တဲ့
ထောင်ဒဏ်တွေ လျှော့ပေါ့ပေးဖို့ ခရိုင်တရားရုံးကို ဥပဒေနဲ့အညီ
အသနားခံစာတင်ဖို့ အဆင့်လောက်ထိ ကူညီဆောင်ရွက်သွားမယ်”ဟု ဦးသန့်ဇော်ဦးက
ပြောသည်။
၁၉၉၃ ခုနှစ်တွင် ပေါင်နှံခဲ့ရာမှ အတိုးဖြင့်
အသိမ်းခံထားရသည့် လယ်မြေများကို ပြန်လည်ရယူနိုင်ရန်
ထွန်တုံးတိုက်ပွဲဆင်နွှဲခြင်း အပါအ၀င် စိုက်ပျိုးထားသည့် စပါးများကို
ဝင်ရောက်ရိတ်သိမ်းရာမှ တရားစွဲ ဆိုခံရပြီး ထောင်ဒဏ်
အပြစ်ပေးခံရခြင်းဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်သည်။
မော်ကျွန်းမြို့နယ်၊ ဖိုခမီဒေါက်ကျေးရွာမှ ကိုကျော်ခိုင်ထွေးက
“လယ်ပေါင်ထားတာကို ပြန်ရွေးတယ်၊ မပေးခဲ့ဘူး၊ လယ်ယာမြေ ကော်မရှင်အဖွဲ့တွေဆီ
တိုင်ထားတာလဲ ဘာမှမထူးလို့ လယ်ဝင်ထွန်ခဲ့တာပါ၊ ကျွန်တော့်အဖေ၊ အမနဲ့ ယောက်ဖ
အားလုံး သုံးယောက် အဖမ်းခံရတာပါ”ဟု ပြောသည်။
လက်ရှိတွင်
လယ်သမားများ ထောင်ဒဏ် အပြစ်ပေးခံရခြင်းအတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့်
တွေ့ ဆုံဆွေးနွေးသွားမည်ဟုလည်း တောင်သူလယ်သမားသမဂ္ဂ
အတွင်းရေးမှူးဦးသန့်ဇော်ဦးက ပြောသည်။
အဆိုပါ
ဖြစ်စဉ်များနှင့်ပတ်သက်၍ ဧရာဝတီတိုင်း၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်
အတွင်း ရေးမှူးဦးသိန်းထွန်းက “အစိုးရ အုပ်ချုပ်ရေးဘက်က ကိုင်တွယ်နေတဲ့
အမှုခင်းကိစ္စဖြစ်လို့ ကော်မရှင်က ၀င်ရောက်ဆုံးဖြတ်ပေးလို့ မရဘူး၊ လယ်မြေ
မတရားသိမ်းခံထားရရင် တရားဝင် တိုင်ပါ၊ ကန့်ကွက်လွှာ တင်ပါ၊ အခုဖြစ်စဉ်တွေက
လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ဘဲ
ပြစ်ဒဏ်ချခံရသည့် လယ်သမား ၁၄ ဦးသည် လယ်မြေ ၁၅ ဧကတွင်
ဝင်ရောက်ထွန်ယက်ခြင်းဖြစ်ပြီး အဆိုပါမြေဧက ၁၅ ဧကသည် လုပ်ငန်းရှင်သုံးဦးက
ပိုင်ဆိုင်သော လယ်မြေများဖြစ်သည်ဟု ဦးသန့်ဇော်ဦးက ပြောသည်။
အဆိုပါလယ်မြေများတွင် မည်သူမှ လုပ်ကိုင်ခြင်းမပြုလုပ်ရန်
မော်ကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက တား မြစ်ထားပြီး
ဝင်ရောက်ထွန်ယက်မှုကြောင့် ဖိုခမီဒေါက်ကျေးရွာမှ လယ်သမား ငါးဦးနှင့်
ကျွန်းခယ်မကျေး ရွာမှ ကိုးဦး တရားစွဲကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည
by mizzima
Monday, November 25, 2013
ထွန်တုံးတိုက်ပွဲဝင် လယ်သမား ၁၄ ဦး ထောင်ဒဏ်နှစ်လစီ ချမှတ်ခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...