မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉)
လမ်းထိပ်တွင် အမည်မသိ လက်နက်ကိုင်နှစ်ဦးက ယင်းရပ်ကွက်နေ ဦးသင်းကိုကိုကို
နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း
ဦးသင်းကိုကို၏ ဇနီးဖြစ်သူ ဒေါ်ဇာခြည်က ပြောကြားသည်။
အဆိုပါ လက်နက်ကိုင် နှစ်ဦးသည် မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် ဦးသင်းကိုကိုနှင့်
ဦးကျော်ကိုကိုတို့ ညီအစ်ကိုနှစ်ဦး ထိုင်နေစဉ် သေနတ်ဖြင့် ခြိမ်းခြောက်
ပစ်ခတ်ခဲ့ပြီး သေနတ်ဒင်ဖြင့် ထုသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သင်းကိုကိုက လမ်းထိပ်မှာ ထွက်ထိုင်နေတာကို ဆိုင်ကယ်စီးပြီး သေနတ်ကိုင်
ထားတဲ့သူတွေ ရောက်လာပြီး သူကို့ထိုးတယ် အဲဒါကို သူ့ညီကျော်ကိုကို
လိုက်သွားတာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ခေါင်းကို သေနတ်ဒင်နဲ့ ထုသွားတယ်”
ဟု ၎င်းတို့၏ ဖခင်ဖြစ်သူ ဦးသာစိန်က ဆိုသည်။
သေနတ်ဒင်ဖြင့်
ရိုက်နှက်ခံရသည့် ဦးသင်းကိုကိုကို မော်လမြိုင်မြို့ အထွေထွေရောဂါကု
ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ထားရကြောင်း ဦးသာစိန်က
ထပ်လောင်း ပြောကြားသည်။
အဆိုပါ လက်နက်ကိုင်နှစ်ဦး ပစ်ခတ်ခဲ့သည့်
ကျည်ဆန် အခွန်နှစ်ခုကို မွန်ပြည်နယ် ရဲတပ်ဖွဲ့က ရရှိထားပြီး
ယင်းကျည်ဆန်များကို စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင်များသည်
မည်သူဖြစ်သည်ကို မသိရှိရသေးကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်း ရဲစခန်းမှ
စခန်းမှူးအောင်ကျော်ထွေးက ဆက်လက်ရှင်းပြသည်။
အဆိုပါ လက်နက်ကိုင်
နှစ်ဦးတွင် တစ်ဦးမှာ ဆံပင်အရှည်နှင့် ဖြစ်ပြီး ညအမှောင်တွင်
ဖြစ်ခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် စိတ်လှုပ်ရှားမှုဖြစ်ကာ ၎င်းတို့၏
မျက်နှာကို သည်းသည်းကွဲကွဲ မမြင်ရကြောင်း ဦးကျော်ကိုကိုက ဆိုသည်။
အသက် ၃၄ နှစ်အရွယ်ရှိ ဦးသင်းကိုကိုသည် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့တွင်မှ
ပါဝင်ဖူးခြင်း မရှိသည့် မြေနီကုန်း ရပ်ကွက်နေ သာမန်အရပ်သား ကျပန်း
လုပ်ကိုင်သူတစ်ဦးသာ ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ၎င်း၏
မိသားစုဝင်များက ဆိုသည်။
by The Voice Weekly
Tuesday, November 5, 2013
အရပ်သားတစ်ဦးကို အမည်မသိ လက်နက်ကိုင်နှစ်ဦး သေနတ်ဒင်ဖြင့် ဝင်ရိုက်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...