<div style='background-color: none transparent;'></div>

Tuesday, November 5, 2013

ကျောက်ကပ် ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေး စေသော နည်းလမ်းသုံးခု

ကျောက်ကပ် က ခန္ဓာကိုယ် တွင်းနဲ့ သွေးကြောတွေ ကို သန့်စင် ပေးတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခု ပါ။ ကျောက်ကပ် ထဲ မှာ ပိတ်ဆို့ နေပါက အညစ် အကြေး တွေ ကို ကောင်းစွာ မစွန့်ထုတ် နိုင်ပါ။ အောက် ပါ နည်းလမ်း သုံးခုကို လိုက်နာ ပါက ကျောက်ကပ်ရဲ့ လုပ်ငန်း ဆောင်တာ တွေ ကောင်းမွန်ပြီး ကျောက်ကပ် ရောဂါ တွေ ဖြစ်ပွားမှုမှ ကင်းဝေး စေပါတယ်။

( ၁ ) ရေ လုံလုံ လောက်လောက် သောက်ပါ

ခန္ဓာကိုယ် မှာ ရေဓာတ်ခန်းခြောက် ပါက ကျောက်ကပ် ရောဂါ ဖြစ်ပွား နိုင်ခြေ ၂ဝ ရာခိုင်နှုန်း ပိုများ ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ရှစ် ဖန်ခွက် သောက်ပါ။ သင်နဲ့ အနီးဆုံး နေရာ၊ လက်လှမ်း မီတဲ့ နေရာ၊ အလုပ် စားပွဲ စတဲ့နေရာ တွေမှာ အလွယ်တကူ ရေသောက် နိုင်အောင် ရေ ဘူး၊ ရေကရား တွေ ထားရှိပါ။

( ၂ ) ဒိန်ချဉ် သို့မဟုတ် နွားနို့သောက်ပါ

တစ်နေ့ကို နွားနို့ တစ်ခွက် ဒါမှမ ဟုတ် ဒိန်ချဉ် နှစ်ခွက် သောက်တာက သွေးဖိအား ကို ပုံမှန် ဖြစ်အောင် ထိန်း သိမ်း နိုင်ပါတယ်။ ဒိန်ချဉ်နဲ့ နွားနို့ ထဲမှာ ပါရှိတဲ့ ကယ်လ်စီယမ် ဓာတ် က သွေးဖိ အားမြင့်မား နိုင်ခြေ ကို လျှော့ချ ပေးပြီး ကျောက်ကပ် ရောဂါ ဖြစ်နိုင်ခြေ ကို ၂ဝ ရာခိုင်နှုန်း လျှော့ချ ပေးပါတယ်။

( ၃ ) ဆားလျှော့စားပါ

ဆားစား သုံးမှု များတာက ကျောက် ကပ်မှာ ကျောက်တည် နိုင်ခြေ ကို မြင့်မား စေပါတယ်။ အစာ တွေမှာ ဆားပို ထည့် စားတာကြောင့် ကျောက်ကပ် ကနေ ကယ်လ်စီယမ် စွန့်ထုတ်မှု ကို များစေပြီး အရိုးသန်မာမှု ကို လျော့နည်းစေ ပါတယ်။

Good Health

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...