<div style='background-color: none transparent;'></div>

Friday, November 15, 2013

ဒီဘရူနီ အား အသင်းပြောင်း သင့် ကြောင်း အကြံ ပေးလိုက်သည့် ၀ီလ်မော့စ်

ချယ်လ်ဆီး အသင်း၏ဘယ်လ် ဂျီယံ လူငယ် ကွင်းလယ်ကစား သမား ဒီဘရူနီ အနေ ဖြင့် အသင်း ပြောင်းရွေ့ ခြင်း သည် ၄င်းအ တွက် အသင့် တော် ဆုံး ဖြစ်ကြောင်း ဘယ်လ်ဂျီယံ အသင်း၏ နည်းပြ မာ့ ၀ီလ်မော့ က ယုံကြည် လျက် ရှိပြီး ၊ ရှော်ကေး အသင်း သို့ ပြောင်းရွေ့ စေလို လျက် ရှိသည်။ ၂၀၁၂ ဇန်န၀ါ ရီလ က ချယ်လ်ဆီး အသင်း သို့ ရောက် ရှိခဲ့ သော ဒီဘရူနီ သည် ပြီးခဲ့ သည့် နှစ် ၀ါဒါဘရီမင် အသင်း သို့ အငှား ဖြင့် စေလွှတ် ခြင်း ခံ ခဲ့ ရသူ ဖြစ် သည်။

အသက်(၂၂) နှစ် အရွယ် ရှိ လူငယ် ကွင်းလယ် ကစားသမား လေး သည် လက်ရှိ နည်းပြ မော်ရင်ဟို ၏ လက်ထက် ချယ်လ်ဆီး အသင်း တွင် နေရာ တစ် နေရာ ရရှိ ရန် ခက်ခဲ လျက် ရှိ နေသည်။ ဒီဘရူနီ သည် ယခုနှစ် ဘောလုံး ရာ သီတွင် ချယ်လ်ဆီး အသင်း အတွက် သုံးပွဲ သာ ကစားခွင့် ရရှိ ထား သူ ဖြစ်သည်။ဒီဘရူနီ ကိုယ်တိုင် လဲ လာမည့် ဇန်န၀ါ ရီ လအပြောင်း အရွေ့ အတွင်း ချယ်လ်ဆီး အသင်းမှ ထွက်ခွာ ရန် ဆုံး ဖြတ်ထား ပြီး ဖြစ်သည်။ နည်းပြ ၀ီလ် မော့စ် အနေ ဖြင့် ဒီဘရူ နီ အား ဘရာဇီး နိုင်ငံ တွင် ကျင်းပ မည့် (၂၀၁၄) ကမ္ဘာ့ဖလား တွင် ပါဝင် ကစား စေလို သော အကြောင်း ပုံ မှန် နေရာ ရနိုင် သော အသင်း တစ်သင်းသို့ ပြောင်းရွေ့ စေလိုနေပြီး ၀ီလ်မော့ က သူ၏ အသင်းဟောင်း ရှော်ကေး သို့ ပြောင်းရွေ့ ရန် တိုက်တွန်း ထားသည်။

ဝီလ်မော့စ် က"ကျွန်တော့ အနေ နဲ့ သူ့ ကို ပုံမှန် ကစားခွင့် ရနိုင် တဲ့ အသင်း ကို ပြောင်းရွေ့ စေလို ပါတယ်။ ဒီဘရူ နီ ရဲ့ စွမ်းဆောင် နိုင်စွမ်း ကို ကျွန်တော် တို့ အသိပါ။ ရှော်ကေး ဟာ ကျွန်တော့ အတွက် အသင်း ကောင်း တစ်သင်း ပါ။ ဒီဘရူနီ အနေ နဲ့ ရှော်ကေး အကျီင်္ ၀တ်ဆင် ဖြစ်ခဲ့ မယ် ဆိုရင် ကျွန်တော် ၀မ်းသာ မိမှာပါ။ သူ့ဟာ ကလပ် အသင်း တွေ အများစု က လိုချင် နေ တဲ့ ကစား သမား တစ် ယောက်ပါ" ဟူရ်ျ ပြောသွားခဲ့သည်။

Written by ဒီးရမ်(မနောမြေ)
FOOTBALL CAFE ©

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...