လွှတ်တော်ကိုယ်စားလှယ်များ လစာနှစ်ဆတိုးမည့် ဥပဒေကြမ်းပြင်ဆင်ချက်ကို
ပြည်သူ့လွှတ်တော်သို့ တင်ပြလာပါက ကန့်ကွက်သွားမည်ဟု မလှိုင်မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေး မောက်က မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာလ ၁၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် လွှတ်တော် ကိုယ်စား လှယ်များ
လစာနှစ်ဆတိုးမြင့်ပေးမည့် ပြင်ဆင်ချက် ပါဝင်သည့် ဥပဒေကြမ်း
ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးရန် ရောက်ရှိလာပါက လွှတ်တော်ကိုယ်စားလှယ်များ၏
ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ပြည်သူ့ ဘဏ္ဍာအပေါ် ထောက်ထားမှုအရလည်းကောင်း
တိုးမြှင့်ပေးမည့် ပြင်ဆင်ချက်အပေါ် ကန့်ကွက်သွား မည်ဟု ဆိုသည်။
“ကျွန်တော့်တစ်ဦးတည်းအနေနဲ့ကတေ
လက်ရှိတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးလျှင်လစာကျပ်
“အခု
လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးပြီး တောင်းတာနဲ့ပတ်သက်လို့
တိုင်းရင်းသားပါတီ လွှတ် တော်ကိုယ်စားလှယ်တွေက တောင်းဆို ထောက်ခံကြတာ
များတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဒီကိစ္စမှာ ၀င်ရောက်ဆွေးနွေးတာမရှိဘူး။
နိုင်ငံတကာမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးတွေရဲ့ လစာဟာ
နည်းနည်းပဲ ကွာပါတယ်။ မြန်မာနိုင်ငံမှာတော့ လွှတ်တော်ကိုယ်စားလှယ်
သုံးသိန်းရရင် ၀န်ကြီးက သိန်း ၃၀ ရတယ်။ မဲခွဲဆုံးဖြတ်ပါဆိုရင်တော့
ကြားနေပဲနေမှာပါ”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက
မှတ်ချက်ပြုသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏
လစာနှုန်းထားများနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေး လေ့လာ သုံးသပ် လျက်ရှိသည့်
စီးပွားရေးပညာရှင် ဦးလှမောင်က နိုင်ငံတော်တွင် တိကျသေချာသည့် ဘတ်ဂျက်မူဝါဒ
ရှိရ မည်ဖြစ်ပြီး အဆိုပါဘတ်ဂျက် ပိုလျှံမှသာလျှင်
လွှတ်တော်ကိုယ်စားလှယ်များ၏ လစာငွေ နှစ်ဆ တိုးမြှင့် ရေးကို
စဉ်းစားသင့်ကြောင်း ဝေဖန်သုံးသပ်ထားသည်။
နိုဝင်ဘာ ၁၁ ရက်က
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ် တော်၊
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်
တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အစိုးရ၀န်ထမ်းတွေ လစာ
မကြာခဏတိုးတယ်။ ပင်စင်စားတွေလည်း ခဏခဏ တိုးတယ်။ ဒါကြောင့်
လွှတ်တော်ကိုယ်စားလှယ်တွေကို လစာတိုးမှာကတော့ ဘာမှငြင်းစရာ မရှိပါဘူး”ဟု
ပြောသည်။
အဆိုပါ ဥပဒေကြမ်းပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်မှ ဆွေးနွေးအတည်ပြုပြီးပါက ပြည်သူ့ လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။
Mizzima - News in Burmese
Friday, November 15, 2013
လစာနှစ်ဆတိုးမည့် ပြင်ဆင်ချက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ကန့်ကွက်မည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...