နိုဝင်ဘာလ ၇ ရက်နေ့က ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ
အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ တိုက်ပွဲတွေ
ထပ်မံဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကျောင်းသားတဦး ဒဏ်ရာရခဲ့တယ်လို့
မန်စီမြို့နယ်တွင်းမှာရှိတဲ့ မိုင်းခေါင်ကျေးရွာက ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်ကြားတိုက်ပွဲဟာ
မိုင်းခေါင်ကျေးရွာနဲ့ ၆ မိုင်အကွာလောက်မှာ စတင်ဖြစ်ပွားခဲ့တာ
ဖြစ်တယ်လို့ မိုင်းခေါင်ကျေးရွာတွင်းက ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။
“မိုင်းခေါင်နဲ့
၆ မိုင်လောက်ဝေးတဲ့ နေရာမှာဖြစ်တာ၊ ဒီမှာ ကျတော့ ဘယ်လောက်မှ
မကြာဘူး၊ ၁ နာရီကျော်၊ ၂ နာရီလောက်တော့ ကြာတယ်။ နမ့်လင်းပါ
အထက်မှာတော့ တစ်နေကုန်လို ဖြစ်တယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ
ကျောင်းသား တစ်ယောက်ခြေထောက်မှန်သွားတယ်လို့ ပြောတယ်။”
မန်စီမြို့နယ်တစ်ဝိုက်မှာ
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် အစိုးရစစ်တပ်က တစ်ချို့
ကျေးရွာတွေကို ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေနဲ့ ဒုက္ခသည်တွေ ရိက္ခာ
ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား
လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး တည်ဆောက်ဖို့
ညှိနှိုင်းဆွေးနွေးနေတဲ့အချိန်မှာ မြေပြင်လှုပ်ရှားမှုတွေကို
လျော့ချဖို့လိုအပ်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ် KIA က
ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက ပြောပါတယ်။
ကေအိုင်အိုအနေနဲ့ကတော့
အစိုးရစစ်တပ်ရဲ့ ထိုးစစ်အပေါ်မှာ မူတည်ပြီး တုန့်ပြန်သွားမှာ
ဖြစ်တဲ့အတွက် အစိုးရဘက်က ထိုးစစ် ပြင်းထန်လာရင်တော့
ငြိမ်းချမ်းရေးအတွက် အနှောက်အယှက်ဖြစ်နိုင်တယ်လို့
ဆရာဒေါင်ခါးကပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက
သတင်းပေးပို့ထားတာဖြစ်ပါတယ်။
ရှေ့တန်းတနေရာမှတွေ့ရတဲ့ကချင်စစ်သားတစ်ဦး (Credit: AFP)
ABC Radio Australia
Friday, November 8, 2013
ကချင်မှာတိုက်ပွဲဆက်ဖြစ် ကျောင်းသား ၁ဦး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...